မာရက်ဇ်ကိုအနားပေးထားရန် ရေနီယာရီစဉ်းစားနေ

မာရက်ဇ်ကိုအနားပေးထားရန် ရေနီယာရီစဉ်းစားနေ

နိုဝင်ဘာ ၂၁၊ လက်စတာ။           ။ ပြီးခဲ့သည့်ရာသီပရီးမီးယားလိဂ်ဖလားရစဉ်က ခြေစွမ်းမျိးပြန်လည်ရရှိစေရန် တောင်ပံကစားသမားမာရက်ဇ်ကို အနားပေးရန် လိုအပ်သည်ဟု လက်စတာနည်းပြရေနီယာရီက စဉ်းစားနေသည်။

ပြီးခဲ့သည့် ၂၀၁၅-၁၆ ရာသီက လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားရရှိခဲ့ရာတွင် အယ်ဂျီးရီးယားလက်ရွေးစင် ကစားသမားမှာ လက်စတာအသင်းအတွက် အဓိက ကစားသမားဖြစ်ခဲ့သည်။

၎င်း၏ခြေစွမ်းကြောင့် ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး နွေရာသီအတွင်း အာဆင်နယ်ကဲ့သို့သော ထိပ်သီးအသင်းကြီးများ၏ စိတ်ဝင်စားခြင်းခံခဲ့ရသည်။

မာရက်ဇ်မှာ အသင်းတွင်ဆက်နေရန်ဆုံးဖြတ်ခဲ့သော်လည်း လူကပ်ကစားခြင်းခံရသဖြင့် ပုံမှန်ခြေစွမ်းပြရန် ရုန်းကန်နေရပြီး နည်းပြရေနီယာရီက အသက် ၂၅ နှစ်အရွယ်ကစားသမားကို အနားပေးရန်လိုအပ်နေပြီဟု ယူဆနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ တစ်ခုခုလုပ်ရတော့မယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်တွေက ကျွန်တော်တို့အကြောင်း ကောင်းကောင်းသိ နေကြပြီ။ ဒါတွေအတွက် မာရက်ဇ်မှာပဲ တာဝန်ရှိနေတယ်လို့ ဆက်ပြီးမယူဆစေချင်တော့ဘူး”ဟု ရေနီယာရီက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly