မန်ယူသည် ပရီးမီးယားလိဂ်တွင် ကံအဆိုးဆုံး အသင်းဟု မော်ရင်ဟိုပြော

မန်ယူသည် ပရီးမီးယားလိဂ်တွင် ကံအဆိုးဆုံး အသင်းဟု မော်ရင်ဟိုပြော

နိုဝင်ဘာ ၂၀၊ မန်ချက်စတာ။            ။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်တွင် ကံအဆိုးဆုံး အသင်းဖြစ်သည်ဟု နည်းပြမော်ရင်ဟိုက ပြောသည်။ အိုးထရက်ဖို့ဒ်တွင် မာတာ၏ ဂိုးဖြင့်ဦးဆောင်ထားသည့် မန်ယူသည် အာဆင်နယ်မှလူစားဝင်တိုက်စစ်မှူး ဂျရူးဒ် ပွဲချိန် ၈၉ မိနစ်၌သွင်းယူသည့် ချေပဂိုးကြောင့် သရေကျခဲ့ရသည်။

မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်နောက်ဆုံး ခြောက်ပွဲတွင် တစ်ပွဲသာအနိုင်ရထားသည်။ မော်ရင်ဟိုက “ကျွန်တော့် ကစားသမားတွေကို အပြစ်ပြောစရာမရှိပါဘူး။

ဒါပေမဲ့ သူတို့အတွက်တော့ စိတ်မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရှုံးသလိုခံစားခဲ့ရပြီး အာဆင်နယ်ကတော့ အနိုင်ရသလို ခံစားခဲ့ရလို့ပါ။

တကယ်လို့ကျွန်တော်တို့ ဘန်လေ၊ စတုခ်၊ အာဆင်နယ်တို့နဲ့ သရေကျတဲ့ပွဲတွေမှာ အာရုံစိုက်နိုင်ခဲ့ရင် ကိုးမှတ်က အလွယ်လေးပဲ။

တကယ်လို့ဆုံးရှုံးခဲ့တဲ့ အဲဒီခြောက်မှတ်သာရရင် ထိပ်သီးလေးသင်းထဲရောက်နေမှာဖြစ်ပြီး ထိပ်ဆုံးကအသင်းနဲ့လည်း ကပ်နေမှာ။

ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်မှာကံမကောင်းတဲ့အသင်းဆိုတာ ကျွန်တော်တို့အားလုံးစိတ်ထဲမှာ သိနေကြပါတယ်”ဟု ပြောသည်။

သရေပွဲမှာ မော်ရင်ဟိုအနေဖြင့် အာစင်ဝင်းဂါးကို ပရီးမီးယားလိဂ် ၁၂ ပွဲတွေ့ဆုံမှုတွင် မရှုံးသေးသည့် အနေအထားကို ဆက်လက်ပိုင်ဆိုင်စေခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly