ဂရိနိုင်ငံ၏ ကြွေးမြီပြဿနာဖြေရှင်းရေး အစီအစဉ်မပြောင်းပါ ကငွေကြေးထောက်ပံ့မှုတွင် အိုင်အမ်အက်ဖ် ပါ၀င်မည်မဟုတ်

ဂရိနိုင်ငံ၏ ကြွေးမြီပြဿနာဖြေရှင်းရေး အစီအစဉ်မပြောင်းပါ ကငွေကြေးထောက်ပံ့မှုတွင် အိုင်အမ်အက်ဖ် ပါ၀င်မည်မဟုတ်

ဂရိနိုင်ငံ၏ ကြွေးမြီပြဿနာ ဖြေရှင်းရေးတွင် အစီအစဉ်ပြောင်းလဲမှုများကို မလုပ်ဆောင်ပါက တတိယအကြိမ်ငွေကြေး ကူညီထောက် ပံ့မှုအစီအစဉ်တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) အနေဖြင့် ပါဝင်သွားမည်မဟုတ်ကြောင်း  သိရသည်။

ယူရို ၈၆ သန်း ( ဒေါ်လာ ၉၃ သန်း) အထိ ရှိမည့် တတိယငွေကြေးထောက်ပံ့မှု အစီအစဉ်အား ဂရိနိုင်ငံ၏ ကြွေးမြီပြဿနာ အပေါ် ဖြေရှင်းနိုင်ခြင်းမရှိဘဲ ပါဝင်ဆောင်ရွက်မည်မဟုတ်ဟု အိုင်အမ်အက်ဖ်အကြီးအကဲ ခရစ်စတင်းလာဂါက ဇူလိုင် ၁၇ ရက်တွင် ပြောကြားသည်။

အိုင်အမ်အက်ဖ်အနေဖြင့် သြဂုတ်လလယ်ပိုင်းတွင် ဂရိသို့ပေးမည့် တတိယအကြိမ် ငွေကြေးထောက်ပံ့မှု အစီအစဉ်တွင် ပါဝင်နိုင်ဖွယ်မရှိဟု ဂျာမနီဘဏ္ဍာရေးဝန်ကြီး ဝေါ့ဖ်ဂန်ရှက်ဘယ်က ပြောကြားထားကြောင်း ရိုက်တာသတင်းဌာန ကဖော်ပြ ထားသည်။

ဂရိနိုင်ငံ၏ ငွေကြေးပြဿနာအား ဖြေရှင်းနိုင်ရန် ထိပ်သီးဆွေးနွေးပွဲတစ်ခုအား ကျင်းပပြီးနောက် ဂရိနှင့် ဥရောပနိုင်ငံများ အကြား တတိယငွေကြေးထောက်ပံ့ရေး အစီအစဉ်တစ်ခုအား သဘောတူခဲ့ကြသည်။

ထိုသို့ အကူအညီပေးရာတွင် အများဆုံးထည့်ဝင်ထားသည့် ဂျာမနီနိုင်ငံက ဂရိနိုင်ငံနှင့် အပြန်အလှန်အားဖြင့် အသုံးစရိတ်များ ကိုဖြတ်တောက်ပြီး အခွန်များ တိုးမြှင့်ကောက်ခံရန် လည်းတောင်းဆိုခဲ့သည်။

လတ်တလောပေးရန်ရှိသည့် အကြွေးများ ပြန်ဆပ်နိုင်အောင် ရေတိုချေးငွေပေးရန်နှင့် ငါးနှစ်အတွင်း တတိယ အကြိမ်အဖြစ် သုံးနှစ်တာကာလအတွက် ဒေါ်လာ ၉၄ ဘီလျံ အကူအညီပေးအပ်ရေးဆွေးနွေးရန်လည်း ဥရောပ ဘဏ္ဍာရေးဝန်ကြီးများက သဘောတူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly