ငွေကြေးအရှုပ်တော်ပုံကြောင့် မလေးရှားဝန်ကြီးချုပ် နုတ်ထွက်ရန် ပြည်သူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ

ငွေကြေးအရှုပ်တော်ပုံကြောင့် မလေးရှားဝန်ကြီးချုပ် နုတ်ထွက်ရန် ပြည်သူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၉ ။           ။ အမေရိကန်ဒေါ်လာငွေ ဘီလီယံပေါင်းများစွာ အလွဲသုံးစားလုပ်သည့် အရှုပ်တော်ပုံတွင် ပါဝင်ခြင်းကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်အား   နုတ်ထွက်ပေးရေးအတွက် အစိုးရဆန့်ကျင်သော ပြည်သူထောင်ပေါင်းများစွာ မြို့တော်ကွာလာလမ်ပူတွင် နိုဝင်ဘာ ၁၉ ရက်၌ စုရုံးချီတက်ကာ တောင်းဆိုဆန္ဒပြကြသည်။

တီရှပ်အဝါများ ဝတ်ထားသည့် ဖမ်းဆီးမှုများကို မကြောက်မရွံ့သော တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံခေါင်းဆောင်များက ဦးဆောင်ကာ စုရုံးဆန္ဒပြကြပြီး နေရာအသီးသီးက ဆန္ဒပြသူများက တင်းကြပ်သည့် လုံခြံုရေးများကြား ကွာလာလမ်ပူမြို့လယ်သို့ ချီတက်စုရုံးကြခြင်းဖြစ်သည်။

ဆန္ဒပြမှုတွင် ဘင်ခရာသံများ၊ ဒရမ်သံများ၊ တံပိုးခရာများ တီးမှုတ်သံများကြား မိန့်ခွန်းဟောပြောမှုများ၊ သီချင်းများ သံပြိုင်သီကြူးခြင်းများနှင့် သြဘာပေးသံများဖြင့် တက်ကြွစရာ ဖြစ်နေသည်။

သို့သော်လည်း ထိုဆန္ဒပြမှုက နာဂျစ်အား ကိုင်လှုပ်နိုင်ဟန်တော့ ရှိဟန်မရပေ။ မည်သည့် အမှားမှ ကျုးလွန်ခြင်းမရှိဟု ငြင်းဆန်ထားသည့် နာဂျစ်က သဘောထားကွဲလွဲသူများအား ဖြိုခွင်းခြင်းနှင့် မီဒီယာအုပ်စုများနှင့် တက်ကြွလှုပ်ရှားသူများအား ထိန်းချုပ်ခြင်းများဖြင့် အာဏာကို စုစည်းထားသည်။

ယခုလူစုရုံးဆန္ဒပြမှုကို စီစဉ်သည့် ဒီမိုကရေစီထောက်ခံသော Bersih အုပ်စု၏ ခေါင်းဆောင်ကိုလည်း နိုဝင်ဘာ ၁၈ ရက်က အြာခးထောက်ခံသူများ၊ အတိုက်အခံခေါင်းဆောင်များနှင့်   ကျောင်းသား တက်ကြွလှုပ်ရှားသူများနှင့် အတူ ဖမ်းဆီးထားသည်။

အဆိုပါ ဆန္ဒပြစုရုံးမှုသည် တရားမဝင်ကြောင်း ရဲက ပြောသည်။

နာဂျစ်တည်ထောင်ထားသည့် နိုင်ငံပိုင်ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖွဲ့ 1MDB မှ အမေရိကန်ဒေါ်လာ သန်း ရ၀၀ ကို ဝန်ကြီးချုပ်၏ ကိုယ်ပိုင်ဘဏ်အကောင့်သို့ လွွှဲပြောင်းထားသည်ဟု Wall Street Journal က ပြီးခဲ့သည့်နှစ်က ဖော်ပြလိုက်ပြီးနောက် ပြည်သူ နှစ်သိန်းကျော်ထက်မနည်း စုရုံးဆန္ဒပြမှုဖြစ်ပွားခဲ့သည်။

ယခုနှစ်တွင်လည်း အမေရိကန်တရားရေးဝန်ကြီးဌာနက ဇူလိုင်အတွင်း ဝန်ကြီးချုပ်နာဂျစ်အား 1MDB မှ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံအား ခိုးယူခြင်းနှင့် တရားစွဲဆိုခဲ့ပြီး ရန်ပုံငွေအချို့ကို “မလေးရှား တာဝန်ရှိသူ နံပါတ် ၁”ဆိုသည့် ဘဏ်အကောင့်သို့ လွှဲပြောင်းထားခြင်းတို့ဖြင့် တရားစွဲခဲ့သည်။ အဆိုပါ “မလေးရှားတာဝန်ရှိသူ နံပါတ် ၁” ဆိုသူမှာ နာဂျစ်ပင်ဖြစ်ကြောင်း အမေရိကန်နှင့် မလေးရှားတာဝန်ရှိသူများက အတည်ပြုပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags