လိမ်လည်မှုဖြင့် တရားစွဲခံရသည့် ဒေါ်နယ်ထရမ့်က ဒေါ်လာ ၂၅ သန်း ပေးကာ အမှုအား ကျေအေး

လိမ်လည်မှုဖြင့် တရားစွဲခံရသည့် ဒေါ်နယ်ထရမ့်က ဒေါ်လာ ၂၅ သန်း ပေးကာ အမှုအား ကျေအေး

နယူးယောက်၊ နိုဝင်ဘာ ၁၉ ။                     ။ Trump တက္ကသိုလ်မှ ကျောင်းသားများ စွဲဆိုထားသော အမှုသုံးခုအတွက် ဒေါ်နယ်ထရမ့်က အမေရိကန်ဒေါ်လာ ၂၅ သန်း(ပေါင် သန်း ၂၀ )ဖြင့်   ကျေအေးပြီးပြတ်ပြီးကြောင်း နယူးယောက်ရှေ့နေချုပ်ရုံးက   ပြောသည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အား ယခုမရှိတော့ပြီဖြစ်သော ထရမ့်တက္ကသိုလ်မှ ကျောင်းသားဟောင်းများက လိမ်လည်မှုအမှုသုံးရပ်ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ထရမ့်၏ လက်ရွေးစင်တက္ကသိုလ်ဆရာများမှ အိမ်ခြံမြေလုပ်ငန်းပညာရပ်ဆိုင်ရာ အထူးစာတမ်းများရရန်အတွက် ကျောင်းသားများက ဒေါ်လာ ၃၅၀၀၀ ပေးခဲ့ရခြင်းဖြစ်သည်။

ထရမ့်က အဆိုပါ စာသင်ခန်းမှဖြစ်သည့် တရားစွဲဆိုမှုအတွက် ကျေအေးမည်မဟုတ်ကြောင်း ပြောထားခဲ့ခြင်းဖြစ်သည်။

ထိုကျေအေးမှုက ထရမ့်အတွက် တကယ့်အရှိုက်ထိသွားခြင်းဖြစ်ပြီး တရားလိုများအတွက် အထူးအောင်ပွဲ တစ်ရပ်ဖြစ်ကြောင်း ရှေ့နေချုပ် အဲရစ်ရှာနိုက်ဒါမန်းက ပြောသည်။

ထရမ့်တက္ကသိုလ်က ကျောင်းသားများကို လိမ်လည်လှည့်ဖျားခြင်းနှင့် ပြောထားသည့် ကတိများ ပျက်ကွက်ခြင်းတို့ကြောင်း ကယ်လီဖိုးနီးယားနှင့် နယူးယောက်တို့တွင် လိမ်လည်မှုဖြင့် တရားစွဲခြင်းကို စီးပွားရေးလုပ်ငန်းရှင်ကြီး သမ္မတသစ်ဖြစ်သည့် ဒေါ်နယ်ထရမ့်က ရင်ဆိုင်ရခြင်းဖြစ်သည်။

ထရမ့်၏ ရှေ့နေများက အမှုကို နှောင့်နှေးအောင် ကြိုးပမ်းနေလင့်ကစား အမှုများအနက်မှ တစ်မှုကို နိုဝင်ဘာ ၂၈ ရက်တွင် ဆန်ဒီယာဂို၌ စတင်ကြားနာစီရင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly