သြစတြေးလျရှိ ဘဏ်တစ်ဘဏ်တွင် လူတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့၍ ဒဏ်ရာရသူ ၂၆ ဦးရှိ

သြစတြေးလျရှိ ဘဏ်တစ်ဘဏ်တွင် လူတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့၍ ဒဏ်ရာရသူ ၂၆ ဦးရှိ

မဲလ်ဘုန်း၊ နိုဝင်ဘာ ၁၈ ။         ။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ ဘဏ်တစ်ဘဏ်တွင် အမျိုးသားတစ်ဦး ကိုယ်ကိုကို မီးရှို့၍ လူ ၂၆ ဦး ဒဏ်ရာရကြောင်း ရဲက ပြောသည်။

ဒဏ်ရာရသူခြောက်ဦးမှာ အခြေအနေစိုးရိမ်ရပြီး ကျန်သူများတွင် ကလေးများအပါအဝင် ထိခိုက်ဒဏ်ရာရခြင်း၊ မီးခိုးမွှန်ခြင်းများ ခံစားရသည်။

ဆင်ခြေဖုံးရပ် စပရင်းဗေးရှိ ဓနသဟာယဘဏ်ခွဲတစ်ခုသို့ ထိုသူက ဝင်ရောက်လာခြင်းဖြစ်ကာ မီးလောင်လွယ်သည့် အရည်ဖြင့် စတင်မီးရှို့ခြင်းဖြစ်သည်။

၎င်းကိုလည်း ရဲအစောင့်အကြပ်ဖြင့် ဆေးရုံတင်ပို့ထားသည်။

အသက် ၂၁ နှစ်အရွယ် အဆိုပါအမျိုးသားက မီးလောင်လွယ်သည့် ပစ္စည်းနှင့်အတူ ဘဏ်အတွင်း ဝင်ရောက်မီးရှို့ကြောင်း၊ နောက်တွင် သူကိုယ်ကိုလည်း မီးရှို့ခြင်းဖြစ်ကြောင်း   ခေတ္တထောက်လှမ်းရေးအရာရှိ ဂျက်ကီပိုင်ဒါက သတင်းထောက်များအား ပြောသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ယင်းလုပ်ရပ်ကို ကျုးလွန်ကြောင်းကို ပြောရန်စောသေးကြောင်း ၎င်းကဆိုသည်။ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသူများတွင် ၎င်းကျုးလွန်သူလည်းပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags