မူးယစ်ဆေးအန္တရာယ် မြန်မာလူငယ်တွေကို အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး သတိပေး

မူးယစ်ဆေးအန္တရာယ် မြန်မာလူငယ်တွေကို အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး သတိပေး
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. William R. Brownfield ၏ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့ပြီး ယမန်နေ့က Young Southeast Asian Leaders Initiative (YSEALI)  အရှေ့တောင် အာရှ လူငယ်ခေါင်းဆောင်မှု စွမ်းဆောင်ရည် အစီအစဉ်မှ လူငယ်များနဲ့ တွေ့ဆုံခဲ့ပါတယ်။

မူးယစ်ဆေး ကုန်ကူးမှုနှင့် ငွေကြေး ခဝါချမှုကိစ္စများတွင်သာမက တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေပြုရေး၊ လူကုန်ကူးမှုနှင့် ရွှေ့ပြောင်းအလုပ်သမား မှောင်ခိုကုန်ကူးမှု၊ အဂတိလိုက်စားမှုများ ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေး ကိစ္စရပ်များတွင် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရအကြား ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး လာရောက်တာလို့ ဆိုပါတယ်။ ယခု အင်တာဗျူးမှာတော့ မူးယစ်ဆေးအန္တရယ်အတွက် မြန်မာလူငယ်တွေကို အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး သတိပေးထားပြီး မူးယစ်ဆေး ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကိုလည်း မြန်မာအစိုးရကို သူက အကြံပြုထားပါတယ်။

ပထမဦးဆုံး အနေနဲ့ YSEALI အဖွဲ့ဝင်တွေနဲ့တွေ့ရတဲ့ အကြောင်းရင်းကို မေးပါရစေ။

 အမေရိကန် သမ္မတ ဘားရက် အိုဘားမားကနေ စတင်ဖန်တီးလိုက်တဲ့ ဒီပဏာမ ခြေလှမ်းသစ်ဟာ လူငယ်တွေ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံပြီး ချစ်ခင်စည်းလုံးစေမယ့် သိပ်ကောင်းတဲ့ အစီအစဉ်သစ် တစ်ခုပဲဖြစ်ပါတယ်။ ဒီ မူးယစ်ဆေးဝါး ပရိုဂရမ်နဲ့ ပက်သက်ပြီးတော့ အကြံဉာဏ်ပေးမယ့်၊ လမ်းညွှန်ပေးမယ့်၊ ရှေ့ဆောင်ပြသပေးမယ့်၊ အကြံပြု ထောက်ခံပေးနိုင်မယ့် အရှေ့တောင်အာရှ နိုင်ငံများမှ အလားအလာရှိမယ့် လူငယ်ခေါင်းဆောင်များ ပါဝင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ၊ အရှေ့တောင်အာရှ နိုင်ငံအားလုံးကသာမက အမေရိကန် ပြည်ထောင်စုက မူးယစ်ဆေးဝါး အလွဲသုံးစားမှှုတွေရဲ့ အကျိုးဆက်ဒဏ်ကို ခံရတဲ့ လူငယ်တွေရဲ့ ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။

ကျနော်တို့ ကောင်းမွန်တဲ့ အစည်းအဝေးတွေ လုပ်ခဲ့ကြပါတယ်။ ကျနော်တို့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ ကြပါတယ်။ ကျနော် မြန်မာနိုင်ငံမှ လူငယ်တွေအပေါ်မှာ ဒီမူးယစ်ဆေးဝါးတွေက ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကို ကောင်းမွန်တဲ့အချက်အလက်တွေနဲ့ လမ်းညွှန်ပေးမှုတွေကို လက်ခံရရှိခဲ့ပါတယ်။ ပြီးတော့ ကျနော် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး စွဲလမ်းစွာသုံးစွဲမှုတွေနဲ့ပက်သက်ပြီး ရင်ဆိုင်ဖြေရှင်းနေတဲ့ အစိုးရနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အားထုတ်ကြိုးပမ်းမှုကို ဘယ်လိုကူညီပေးနိုင်မလဲ ဆိုတဲ့ ပိုမိုကောင်းမွန်တဲ့ အသိတစ်ခုရှိထားပါတယ်။

ဒါပေမယ့် အခုဆိုရင် မြို့ပြဒေသတွေမှာရှိတဲ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးကို နည်းလမ်းအမျိုးမျိုးနဲ့ သုံးစွဲနေကြပါတယ်။ ဒါကြောင့်မို့လို့ မူးယစ်ဆေးဝါး အလွယ်တကူသုံးစွဲနိုင်မှုဟာ လူငယ်တွေရဲ့ဘဝကို ဘယ်လိုမျိုး ခြိမ်းခြောက်နေတယ်လို့ ထင်ပါသလဲ။

ခင်ဗျားသိတဲ့ အတိုင်းပဲ၊ ခင်ဗျားဟာ ကျွန်တော့်ထက် အများကြီးငယ်တာမို့ အဲဒီကနေ ကျွန်တော် ကတောင် ပညာရနိုင်ပါတယ်။ မူးယစ်ဆေးဝါးဟာ နောက်ဆုံးမှာ ဘယ်သူရဲ့ဘဝကို မဆို ဖျက်ဆီးပစ်မှာပါ။ အဲ့ဒါတွေဟာ ခန္ဓာကိုယ်ရဲ့လိုအပ် ချက်အဖြစ် မူးယစ်ဆေးဝါးကို လိုအပ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ စွဲလမ်းမှု၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုလို့ ခေါ်တဲ့ ခန္ဓာကိုယ်က ခံစားချက်မရှိဘဲ စွဲလမ်းမှုစတဲ့ တနည်းနည်းနဲ့ ဖျက်ဆီးပစ်နိုင်ပါတယ်။

မင်းတို့ဆီမှာ မူးယစ်ဆေးဝါးကို စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှု လိုအပ်လာမှုဟာ တိုးတက်လာနေတယ်။  မြန်မာနိုင်ငံတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးကိုကြည့်လိုက်ရင် အန္တရာယ်ရှိတဲ့  မူးယစ်ဆေးဝါးစွဲလမ်းမှုကို ကြံုတွေ့ နေရတဲ့သူတွေဟာ လူငယ်တွေပဲဖြစ်ပြီး အဲ့လိုမျိုးတွေရှိတဲ့ နိုင်ငံအချို့မှာ မင်းနိုင်ငံရော ငါ့နိုင်ငံရော ပါဝင်ပါတယ်။

အသက် ၁၁နှစ် ၁၂နှစ်လောက်ပဲရှိဦးမယ့် လူငယ်လေးတွေဟာ အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို စမ်းသပ် အသုံးပြုနေကြပြီး ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားတဲ့ ဘိန်းဖြူ အထိကိုပါ စမ်းသပ်အသုံးပြုနေကြတာပါ။ ဒါဆိုရင် အဲ့အရာတွေက လူငယ်တွေကို ဘယ်လိုထိခိုက် သက်ရောက်မှုရှိလဲ။ အဲ့အရာတွေက လူငယ်တွေရဲ့ ကျန်းမာရေးကို ထိခိုက်သက်ရောက်မှု ရှိမှာပါ။

အဲ့ဒါတွေက သူတို့ရဲ့ စာသင်ယူလေ့လာနိုင်စွမ်းနဲ့ အထက်တန်းကျောင်း၊ တက္ကသိုလ်တွေကနေ တတ်မြောက် ဘွဲ့ရနိုင်စွမ်းတွေအပေါ်မှာ ထိခိုက်သက်ရောက်မှာပါ။ ပြီးတော့ အဲ့ဒါတွေက သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်း၊ လုပ်နေတဲ့ အလုပ်အပေါ်မှာ ဆက်လက်လုပ်ကိုင်နိုင်စွမ်းတွေကို ထိခိုက် သက်ရောက်မှာပါ။ ဒါ့အပြင်သူတို့ရဲ့ မိသားစုကို စောင့်ရှောက် နိုင်စွမ်းတွေအပေါ်မှာ ထိခိုက်မှာပါ။ နောက်ဆုံးမှာ မူးယစ်ဆေးဝါး ဟာ သူတို့ကို သူတို့ဘဝနဲ့ဆိုင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ထောင်ထဲကို အကြာကြီး ရောက်စေနိုင်လောက်တဲ့အထိ၊ ဒါမှမဟုတ် အဆိုးဆုံးအနေနဲ့ သေခြင်းတရားကို ရင်ဆိုင်ရတဲ့အထိ လွှမ်းမိုးသွားပါလိမ့်မယ်။ လူငယ်တွေ မူးယစ်ဆေးဝါး အန္တရာယ်ကြံုတွေ့နေရတဲ့ လူ့အသိုင်းအဝိုင်းလောက် ပိုပြီးပျော့ညံ့တဲ့ လူ့အသိုင်းအဝိုင်း မရှိတော့ပါဘူး။ ပြီးတော့ ဒီ့အတွက်ကြောင့်ပဲ လူငယ်ခေါင်းဆောင်တွေနဲ့တွေ့ပြီး ဆွေးနွေး ပြောကြားခြင်းက အရမ်းကိုကောင်းမွန် တဲ့ စိတ်ကူးတစ်ခုပါပဲ။

မြန်မာနိုင်ငံမှာ ဘယ်လိုထိရောက်တဲ့ ထိန်းချုပ်မှှုမျိုးတွေကို ကျွန်တော်တို့ အကောင်အထည်ဖော် သင့်တယ်လို့ ခင်ဗျားထင်ပါသလဲ။

အဲဒီမေးခွန်းကို မြန်မာအစိုးရဖြေဖို့ ကျွန်တော် ချန်ထားမယ်လို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေလိုပဲ ဒုက္ခခံစားနေရတဲ့ နိုင်ငံပါ။ ပြည်သူတွေက အာဏာအပ်နှင်းထားတဲ့ မြန်မာအစိုးရကပဲ၊ ဘယ်လိုထိန်းချုပ်မှုတွေ၊ ဘယ်လိုစည်းမျဉ်း စည်းကမ်းတွေဟာ နိုင်ငံအတွက်၊ သူတို့လူ့အဖွဲ့အစည်းအတွက် သင့်တော်မလဲဆိုတာကို ဆုံးဖြတ်ရမှာပါ။ ကုလသမဂ္ဂဟာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကွန်ဗင်းရှင်းသုံးခုကို တင်သွင်းပြဌာန်းခဲ့ပြီး၊ မြန်မာနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာပေါ်က နိုင်ငံအများစု လက်ခံထားတဲ့ဟာပါ။

ပထမ ကွန်ဗင်းရှင်းကတော့ ၁၉၆၁ ခုနှစ်က ဖြစ်ပြီး၊ ဒုတိယ ကွန်ဗင်းရှင်းကတော့ ၁၉၇၂ ခုနှစ်မှာ ကျင်းပခဲ့ပြီးတော့၊ တတိယ ကွန်ဗင်းရှင်းကိုတော့ ၁၉၈၈ ခုနှစ်မှာ ပြုလုပ်ခဲ့တာပါ။ နိုင်ငံတကာ စာချုပ်စာတမ်းတွေအရ ကျွန်တော်တို့မှာ တာဝန်ရှိနေပြီး၊ အဲဒီကွန်ဗင်းရှင်းတွေအရ အစိုးရတွေဟာ အန္တရာယ်ရှိတဲ့ စာရင်းထဲမှာပါတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်ပြီးထိန်းချုပ်၊ ကန့်သတ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ မူးယစ်ဆေးဝါးကုန်ကူးမှှုတွေ၊ ရာဇဝတ်မှုမြောက်တဲ့ အဲဒီ မူးယစ်ဆေးဝါး ကုန်ကူးမှှုတွေကို အစိုးရက ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ အတူတကွ စုပေါင်းထိန်းချုပ်ဖို့လည်းလိုအပ်ပါတယ်။ အဲဒါဟာ မြန်မာနဲ့ အမေရိကန် ပြည်ထောင်စု အစိုးရတွေ လုပ်သင့်တဲ့ဟာ တစ်ခုဖြစ်ကြောင်းထင်ရှားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ကျွန်တော်တို့ဟာလမ်းကြောင်းနှစ်သွယ် (two-track) ချဉ်းကပ်နည်းနဲ့ ဆောင်ရွက်ပါတယ်။ ပထမလမ်းကြောင်းကတော့ အစဉ်အလာ လမ်းကြောင်းဖြစ်ပြီး တရားစီရင်ရေး၊ ရဲတပ်ဖွဲ့နဲ့ ဥပဒေပြဌာန်းရေးတွေ ပါဝင်ပါတယ်။ မူးယစ်ဆေးဝါး ဒါမှမဟုတ် ကိုကင်းဒါမှမဟုတ် ဘိန်းဖြူတွေ ထုတ်လုပ်တဲ့ ဆေးဝါးဓာတ်ခွဲခန်းတွေကို စုံစမ်းစစ်ဆေးပြီး ဖျက်သိမ်းရေး ကြိုးပမ်းဖို့၊ အဲဒီလိုမူးယစ်ဆေးဝါးတွေ သယ်ယူပို့ဆောင်တာကို တားဆီးရေး ကြိုးပမ်းဖို့၊ ပြီးတော့ ရာဇဝတ်မှုတွေ လုပ်ရာမှာ တရားဝင်စီးပွားရေးအသွင် ဖြစ်လာနိုင်စေတဲ့ ငွေကြေးခဝါချမှှုတွေကို တိုက်ဖျက်ရေး ကြိုးပမ်းဖို့တွေ လိုအပ်ပါတယ်။ အဲဒါကပထမလမ်းကြောင်းပါ။

ဒီရာစုမှာ ကျွန်တော်တို့ ဆောင်ရွက်ဖို့ ကြိုးစားနေကြတဲ့ ဒုတိယလမ်းကြောင်းကတော့၊ မူးယစ်ဆေးဝါး အသုံးပြုမှှုတွေကို ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာသဖွယ် စဉ်းစားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဒါဟာရာဇဝတ်မှု ကိစ္စသက်သက်၊ ဥပဒေရေးရာ ကိစ္စသက်သက် မဟုတ်ပါဘူး။ ဒါဟာ ပြည်သူ့ကျန်းမာရေးနဲ့ ဆေးပညာဆိုင်ရာ ပြဿနာပါ။ ပြီးတော့ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေ အလွန်ခိုင်မာ၊ ပြင်းထန်ပါတယ်။

စီးပွားရေး အကျိုးအမြတ်အတွက် အန္တရာယ်ရှိတဲ့ ဆေးဝါးတွေကိုထုတ်လုပ် စျေးကွက်တင်တဲ့ ရာဇဝတ်ကောင်တွေရဲ့ ရာဇဝတ်စီးပွားရေးတွေ ရပ်တန့်သွားစေရေးအတွက် နိုင်ငံတော်ရဲ့ အာဏာ အားလုံးကိုသူတို့အပေါ် သက်ရောက်စေချင်ပါတယ်။ မူးယစ်ဆေးဝါး အသုံးပြုသူတွေအတွက် ပြည်သူ့ ကျန်းမာရေးအစီအစဉ်နဲ့ ပြန်လည်ထူထောင်ရေး တွေကိုလည်း ကျွန်တော်တို့ ဆောင်ကြဉ်းပေး ချင်ပါတယ်။

သူတို့ဟာရာဇဝတ်သားတွေ မဟုတ်ပါဘူး။ များသောအားဖြင့် သူတို့ဟာမူးယစ်ကုန်ကူးအဖွဲ့တွေရဲ့ သားကောင်တွေပါ။ မြန်မာနိုင်ငံဟာ အဲဒါတွေ လုပ်ရမယ်လို့ ကျွန်တော် ပြောချင်တာမဟုတ်ပါဘူး။ အဲဒါတွေဟာ ကျွန်တော်တို့ အမေရိကန်မှာလုပ်နေတာတွေလို့ အကြံပေးချင်တာပါ။ လမ်းကြောင်းနှစ်ခု ပါဝင်ပြီး၊ တစ်ဘက်မှာ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးနဲ့ တခြားတစ်ဘက်မှာ ပြည်သူ့ ကျန်းမာရေးအစီအစဉ်ပါ။ တခြားနိုင်ငံတွေ အနေနဲ့လည်း အဲဒီနည်းကို စဉ်းစားသင့်တယ်လို့ ကျွန်တော် အကြံပြုကမ်းလှမ်းချင်တာပါ။

ဒီတစ်ခါနောက်ဆုံးမေးခွန်းပါ။ ခင်ဗျားမြန်မာနိုင်ငံမှာရှိနေတဲ့ အတောအတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို ထိန်းချုပ်ဖို့ အနာဂတ်အစီအစဉ်တွေများ ရှိမလား။

ကျနော်ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ စကားပြောနေတာ အထင်အရှားပါပဲ။ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး ပြသနာကဏ္ဍ အများအပြားနဲ့ ရင်ဆိုင်နေရတဲ့နိုင်ငံပါ။ ပထမဦးဆုံးပြောချင်တာက မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေအပါအဝင်  အခြားနို်င်ငံတွေမှ တစ်ဆင့် တရားမဝင် ဖက်စပ်ဓာတု ပစ္စည်းတွေကို တင်သွင်းခံရ တဲ့နိုင်ငံဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဖက်စပ်ဓာတု ပစ္စည်းတွေကို အိမ်နီးချင်နိုင်ငံတွေမှ မြန်မာနိုင်ငံကို တင်သွင်းတာက အများဆုံးအပိုင်းပဲဖြစ်ပါတယ်။

အဲ့ဒီ့ဓာတုပစ္စည်းတွေကို မြန်မာနိုင်ငံက ခရိုင်အတိအကျမှာ စိုက်ပျိုးထား အပင်ပေါက်ထားတဲ့ ဘိန်းပင်၊ ဘိန်းပန်းတို့နဲ့ အများစုရောနှောထားပြီး ပေါင်းစပ် အသုံးပြုတာပဲဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီဓာတု ပစ္စည်းတွေဟာ ဘိန်းပင်နဲ့ ဘိန်းပန်းတွေကို ဘိန်း သို့မဟုတ် ဘိန်းဖြူအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေတာပါ။ ကျနော်ထင်တာမှန်ရင် ကုလသမဂ္ဂက မြန်မာနိုင်ငံဟာကမ္ဘာမှာ ဘိန်းဖြူထုတ်လုပ်မှုမှာ အာဖဂန်နစ္စတန်နောက် ဒုတိယနေရာမှာ ရှိတယ်လို့ တွက်ထားဖူးပါတယ်။ ပြောရရင်တော့ အခြားနိုင်ငံအများအပြားဟာလည်း ဒုတိယနေရာအတွက် စတင် စိန်ခေါ်လာပါပြီ။

မြန်မာနိုင်ငံဟာ ယခုလိုထုတ်လုပ်မှု ပြသနာနဲ့ပက်သက်ပြီး ရင်ဆိုင်ရပါမယ်။ မြန်မာနိုင်ငံဟာ သုံးစွဲသူ နိုင်ငံပါ။ ပြီးတော့ တကယ်တမ်းပြောရရင် မြန်မာအစိုးရ ကိုယ်တိုင်အနေနဲ့ သူ့နိုင်ငံသားတွေဟာ အန္တရာယ်ရှိပြီး ဥပဒေအရ ပိတ်ပင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ပုံမှန်သုံးစွဲမှုဟာ တိုးပွားလာသထက် တိုးပွားလာပြီး အချက်ပေး တပ်လှန့်ရမယ့် အခြေအနေရောက်နေကြောင်းကို လက်ခံမယ်ဆိုတာ ကျနော်ယုံကြည် ပါတယ်။

ပြီးတော့လည်း အထူးသဖြင့် ဒီလိုအခြေအနေကို ပိုပြီးအန္တရာယ်ဖြစ်စေနိုင်မယ့် ဘိန်းပင်နဲ့ ဘိန်းပန်းတို့ကို စိုက်ပျိုးတဲ့ နေရာဒေသတွေအပေါ် ကြပ်ကြပ်မတ်မတ်နဲ့ အာရုံစိုက် သွားမယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံဟာ ကိုလံဘီယာ၊ အာဖဂန်နစ္စတန်တို့လိုပဲ ကိုယ့်နိုင်ငံရဲ့ နေရာဒေသတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ လက်နိုင်ကိုင်အဖွဲ့တွေရဲ့ သားကောင်ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီ့လက်နက်ကိုင် အဖွဲ့တွေဟာလည်း မူးယစ်ဆေးဝါး တရားမဝင်ကုန်ကူးတဲ့ လုပ်ငန်းကို ကာကွယ်ပေး သို့တည်းမဟုတ် ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင် နေကြတာပဲဖြစ်ပါတယ်။

ဒါအတွက်နဲ့တော့ မြန်မာနိုင်ငံဟာ တမူထူးခြားမသွားပါဘူး။ တကယ်တမ်းကျတော့ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး တရားမဝင်ကုန်ကူးတဲ့ အကြီးဆုံးအဖွဲ့အစည်းနှစ်ခုဟာ အာဖဂန်နစ္စတန်က တာလီဘန်တွေနဲ့ ကိုလံဘီယာက FARC ပျောက်ကျားသူပုန်တွေပဲဖြစ်ပါတယ်။ နှစ်ဖွဲ့စလုံးဟာ လက်နက်ကိုင် အဖွဲ့တွေဖြစ်ပြီး သူတို့ရဲ့အစိုးရတွေဖြစ်တဲ့ အာဖဂန်နစ္စတန်အစိုးရ၊ ကိုလံဘီယာ အစိုးရတို့နဲ့ ပဋိပက္ခတွေ ဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ တစ်ချိန်တည်းမှာပဲ မူးယစ်ဆေးဝါး တရားမဝင်ကုန်ကူးတဲ့ အဖွဲ့ တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံထဲမှာရှိတဲ့ဒေသတွေထဲက ခရိုင်အတိအကျအချိ့မှာ ပြသနာတွေကို ရင်ဆိုင်ကြံုတွေ့နေရ တာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြားမှာ မူးယစ်ဆေးဝါး ပြသနာအများအပြားကို ဆွေးနွေးစရာတွေရှိပါတယ်။ အတူတကွ လုပ်ကိုင်ရမယ့် ကဏ္ဍတွေ အများကြီးလည်းရှိပါတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ နှစ်ခုစလုံးကနေ ကျနော်တို့ ရရှိလိုက်တဲ့ သင်ခန်းစာတွေလည်းရှိပါတယ်။

အရှေ့တောင်အာရှ ဒေသအနှံ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ အခွင့်အရေးတွေ ရှိသလို ကုလသမဂ္ဂနဲ့ ယင်းရဲ့မူးယစ်ဆေးဝါး ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကမ္ဘာတစ်ဝန်း လုပ်ဆာင်သွားမယ့် အစီအစဉ်တွေရှိပါတယ်။ ကျနော်ဟာ အကောင်းမြင်ဝါဒီ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်ဟာ အကောင်းမြင်ဝါဒီသမားပါလို့ ပြောတိုင်း ဒီပြသနာကိုအတွက် ဒီအပတ်အကုန်၊ ဒီလအကုန်၊ ဒါမှမဟုတ်ဒီနှစ်အကုန်မှာ ဖြေရှင်းချက်ရှိနိုင်ပါတယ်လို့ မဆိုလိုပါဘူး။

 ဒီမူးယစ်ဆေးဝါးပြသနာတွေ ဖြစ်ပေါ်ကြီးထွားလာဖို့ ဆယ်စုနှစ်တွေနဲ့ချီပြီး ကြာခဲ့တာမို့ ယုတ္တိကျကျ ပြောရမယ်ဆိုရင် အဲဒါတွေကို ဖြေရှင်းဖို့လည်း နှစ်တွေနဲ့ချီပြီး အချိန်ယူရမှာပါ။ ဒါပေမယ့် အစိုးရနဲ့ အဖွဲ့အစည်းကြီးတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ မူးယစ်ဆေးဝါးအန္တရာယ်နဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင် ဖြေရှင်းသွားမယ်ဆိုတာကို ကတိပေး လုပ်ဆောင်သွားမယ်လို့ ကျနော် တကယ့်ကို ယုံကြည်ပါတယ်။ ဒါဟာ ကျနေ်ာ ဒီမှာရှိနေရတဲ့ အကြောင်းရင်းပါပဲ။ ဒါဟာ အခု ကျနေ်ာ အလည်အပတ် လာရောက်တဲ့အချိန်မှာ ဆွေးနွေးသွားနိုင်မယ်လို့ မျှော်လင့်တဲ့ အရာပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly