အီရတ်တွင် ကားဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၈၀သေဆုံး၊ အိုင်အက်စ်က ၄င်းတို့ချက်ဟုဆို

အီရတ်တွင် ကားဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၈၀သေဆုံး၊ အိုင်အက်စ်က ၄င်းတို့ချက်ဟုဆို

ဘဂ္ဂဒက်၊ ဇူလိုင် ၁၈ ။    ။ ဇူလိုင် ၁၇က အီရတ်မြို့တစ်မြို့ရှိ စည်ကားသောဈေးတစ်ခုတွင် ကားဗုံးတစ်ခုဖြင့် ဖောက်ခွဲတိုက်ခိုက် ခံရကာ ကလေးများအပါအဝင် အနည်းဆုံး လူ ၈၀ သေဆုံးခဲ့ရာ အိုင်အက်စ်တို့ အီရတ်နယ်မြေအများအပြားကို သိမ်းပိုက် ပြီးနောက်ပိုင်း ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်သည်။

ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတန်ချိန် သုံးတန်ခန့်ရှိသည်ဆိုသည်။

ဘဂ္ဂဒက်မြို့တော်၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၀ (မိုင်၂၀)အကွာ ခန်ဘာနီဆာအက်မြို့ တွင်ဖြစ်ပွား ခဲ့သည့်ပေါက်ကွဲ အားကြောင့် အဆောက်အအုံအချို့ပြိုကျခဲ့ပြီး ရာမာဒန်ဥပုသ်လအထွက် အခမ်းအနားကျင်းပနေသော လူများပေါ်သို့ပိကျခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် ဆေးဝန်ထမ်းများက ပြောကြားခဲ့သည်။

ဖြစ်ဖြစ်ချင်း၎င်းတို့ လက်ချက်ဟု မည်သည့်အုပ်စုကမျှမပြောကြားခဲ့သော်လည်း နောက်ပိုင်းမှသာ အိုင်အက်စ်တို့က ၎င်းတို့လက် ချက်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ အီရတ်၏ မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ နယ်မြေများစွာကို ထိန်းချုပ်ထားသော အိုင်အက်စ် တို့သည် ခန်ဘာနီဆာအက်မြို့တည်ရှိသော အရှေ့ပိုင်းပြည်နယ် ဒီယာလာတွင် ယခင်ကလည်း တိုက်ခိုက်မှုများပြုလုပ် ခဲ့ကြ သည်။

"လူတစ်ချို့ဟာ ကလေးတွေရဲ့အလောင်းအစိတ်အပိုင်းတွေကို ကောက်ယူဖို့ ဟင်းသီးဟင်းရွက်သေတ္တာတွေကို အသုံးပြုနေကြပါ တယ်"ဟု အခင်းဖြစ်ရာနေရာမှ ရဲမှူးတစ်ဦးဖြစ်သူ အာမက်အယ်လ်တာမီမီက ပြောသည်။ ဈေးမှာလည်း အလွန်အမင်း ပျက်စီးခဲ့ သည်ဟု ၎င်းက ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့များက အလောင်းများကို အပျက်အစီးများအောက်မှ ထုတ်ယူနေဆဲဖြစ်ပြီး သေဆုံးသူဦးရေမှ ပိုမိုများပြား လာနိုင်သည်ဟု ဒီယာလာပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။ ဒီယာလာပြည်နယ်အစိုးရအဖွဲ့က ဝမ်းနည်းကြေ ကွဲမှုကာလကို သုံးရက်သတ်မှတ်လိုက်ပြီး နောက်ထပ်တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် Eid ul-Fitr အားလပ်ရက်၏ ကျန်ကာလများတွင် ပန်းခြံများနှင့် ဖျော်ဖြေရေးနေရာအားလုံး ပိတ်ထားရန် အမိန့်ထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly