အာဏာရှင် မားကို့စ်၏ ရုပ်အလောင်းအား သူရဲကောင်း ဂူသင်္ချိုင်းတွင် သင်္ဂြိုဟ်

အာဏာရှင် မားကို့စ်၏ ရုပ်အလောင်းအား သူရဲကောင်း ဂူသင်္ချိုင်းတွင် သင်္ဂြိုဟ်

မနီလာ၊ နိုဝင်ဘာ ၁၈ ။             ။ ဟာဝိုင်ယီတွင် သေဆုံးကာ မပုပ်မသိုးအောင် ထိန်းသိမ်းထားသည့် ဖိလစ်ပိုင်နိုင်ငံက အာဏာရှင်ခေါင်းဆောင်ဖြစ်သူ မားကို့စ်၏ ရုပ်အလောင်းအား မနီလာရှိ သူရဲကောင်း ဂူသင်္ချိုင်းတွင် နိုဝင်ဘာ ၁၈ ရက်၌ သင်္ဂြိုဟ်မည်ဖြစ်သည်။

နိုဝင်ဘာ ၁၇ ရက် နောက်ပိုင်းတွင်မှ သင်္ဂြိုဟ်မည့်အရောင်းကို ကြားရခြင်းဖြစ်ကြောင်း ရဲအကြီးအကဲ ရိုနယ်ရိုဆာက ပြောသည်။

နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင် မားကို့စ် ရုပ်အလောင်းအား ၎င်း၏ မွေးရပ်မြေ နိုင်ငံမြောက်ပိုင်းမှ မနီလာရှိ Libingan ng mga Bayani သူရဲကောင်းဂူသင်္ချိုင်းသို့ သယ်ဆောင်သင်္ဂြိုဟ်မည်   ဖြစ်ကြောင်း  ရဲက ပြောသည်။

လူ့အခွင့်အရေးအုပ်စုများက မားကို့စ်အား သူရဲကောင်းဂူသင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းအား ကန့်ကွက်ဆန့်ကျင်နေသော်လည်း ဖိလစ်ပိုင်တရားရုံးချုပ်က ဆန္ဒပြကန့်ကွက်မှုများကို ဆန့်ကျင်ကာ ပြီးခဲ့သည့် သီတင်းပတ်က သင်္ဂြိုဟ်ခွင့်ပြုကြောင်း ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

မားကို့စ်သည် ဖိလစ်ပိုင်နိုင်ငံအား နှစ်ပေါင်း ၂၀ ကြား အုပ်ချုပ်ခဲ့ပြီး ၎င်းအုပ်စိုးစဉ် ကာလတွင် မိသားစုနှင့် ခရိုနီများက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံမျှ မတရားစီးပွားဖြစ် ကြွယ်ဝခဲ့ကြောင်း ကော်မရှင် တစ်ရပ်က ဖော်ထုတ်ခဲ့သည်။ ကွန်မြူနစ်သူပုန်နှင့် နိုင်ငံရေးသမား ထောင်ပေါင်းများစွာကိုလည်း သတ်ဖြတ်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ပြည်သူများ ပုန်ကန်အုံကြွမှုဖြစ်ပွားကာ မားကို့စ်အား လိုက်လံဖမ်းဆီးရာ ၎င်းက ထွက်ပြေးတိမ်းရှောင်ပြီး ဟာဝိုင်ယီတွင် သေဆုံးခြင်းဖြစ်သည်။ ၁၉၉၀ ခုနှစ်များတွင် မားကို့စ် မိသားစုများက နိုင်ငံရင်းသို့ ပြန်လာကြပြီး မားကို့စ် မွေးရပ်မြေ Iiocos Norte တွင် သြဇာရှိ နိုင်ငံရေးသမားများ ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly