မိုဇမ်ဘစ်တွင် လောင်စာဆီလာဝယ်သူများ စုရုံးရောက်ရှိချိန်တွင် ဆီတင်ကားပေါက်ကွဲ၍ လူ ရ၀ ကျော် သေဆုံး

မိုဇမ်ဘစ်တွင် လောင်စာဆီလာဝယ်သူများ စုရုံးရောက်ရှိချိန်တွင် ဆီတင်ကားပေါက်ကွဲ၍ လူ ရ၀ ကျော် သေဆုံး

မာပူတို၊ နိုဝင်ဘာ ၁၈ ။            ။ မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်းတွင် ထရပ်ကားတစ်စီးပေါက်ကွဲမှုဖြစ်၍ လူပေါင်း ရ၃ ဦးသေဆုံးပြီး ရဲဒါဇင်များစွာ ထိခိုက်ဒဏ်ရာရကြောင်း အစိုးရက ပြောသည်။

မိုဇမ်ဘစ်မြို့တော် ဘိုင်ရာမှ မာလာဝီသို့ လောင်စာဆီတင်ဆောင်ကာ မောင်းနှင်လာသည့် လမ်းကြောင်းတွင် တက်တီပြည်နယ်အတွင်း ပေါက်ကွဲမှုဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ ဆီတင်ကားမှာ ဒေသခံများ လောင်စာဆီဝယ်ယူရန်အတွက် စုရုံးရောက်ရှိနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း အစိုးရက ပြောသည်။

ဒဏ်ရာရသူများအား ဆေးရုံသို့ အားချင်းတင်ပို့ထားသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်အကြောင်းရင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးရန် လာရောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly