ဆူဇူကီးပြိုင်ပွဲ လာရောက်ကြည့်ရှုမည့် ပရိသတ်များ လိုက်နာသင့်သည့် အချက်များကို ဘောလုံးအဖွဲ့ချုပ် မေတ္တာရပ်ခံ ထုတ်ပြန်

ဆူဇူကီးပြိုင်ပွဲ လာရောက်ကြည့်ရှုမည့် ပရိသတ်များ လိုက်နာသင့်သည့် အချက်များကို ဘောလုံးအဖွဲ့ချုပ် မေတ္တာရပ်ခံ ထုတ်ပြန်
ဘောလုံးကွင်းထဲလာရောက်မည့်ပရိသတ်များကို ဘောလုံးအဖွဲ့ချုပ်မှ မေတ္တာရပ်ခံသည့် ထုတ်ပြန်ချက် (ဓါတ်ပုံ MFF)

နိုဝင်ဘာ ၁၇၊ ရန်ကုန်။            ။ နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပတော့မည့် ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်များကို ကွင်းအတွင်းသို့ လာရောက်ကြည့်ရှုကြ မည့် ပရိသတ်များ လိုက်နာသင့်သည့် အချက်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မေတ္တာရပ်ခံထုတ်ပြန်လိုက်သည်။

အုပ်စု (ခ) တွင် အိမ်ရှင် မြန်မာအသင်းအပါအဝင် ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။   မြန်မာလက်ရွေးစင်အသင်း   အောင်မြင်မှုရရှိရေး၊   နိုင်ပွဲများရရှိရေးကို အားလုံးက မျှော်လင့်တောင့်တ သကဲ့သို့ ဘောလုံး အဖွဲ့ချုပ်အနေဖြင့် မြန်မာ ပရိသတ်များ၏ လှပညီညွတ်သော အားပေးမှုကိုလည်း   နိုင်ငံတကာသို့ သိရှိစေလိုကြောင်း၊ ပရိသတ်များ တစ်ဦးချင်းပူးပေါင်းပါဝင်ရန် အလွန်အရေးကြီးသဖြင့် လိုက်နာသင့်သည်များကို မေတ္တာရပ်ခံထုတ်ပြန်ခြင်းဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ကွင်းအတွင်း အရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲထားသူများ ဝင်ခွင့်ပြုမည် မဟုတ်ကြောင်း။ မီးခြစ်၊ ထီး၊ ပုလင်းများအပါအဝင် လုံခြံုရေးတာဝန်ရှိသူများက ကန့်သတ်ထားသည့် အသုံးအဆောင်ပစ္စည်းများ ယူဆောင်ခွင့်မပြုကြောင်း။ ကစားကွင်းအတွင်းသို့ မည်သည့်ပစ္စည်းနှင့်မှ ပစ်ပေါက်ခွင့်မပြုကြောင်း အစရှိသည့်အချက်များ အပါအဝင် အချက် ၉ ချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၀ ညနေ ၆:၀၀ နာရီတွင် ဗီယက်နမ်အသင်းနှင့် စတင်ရင်ဆိုင် ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly