အခက်အခဲဆိုတာ ဖြေရှင်းစရာ (ပုစ္ဆာ) တွေလို့ သတ်မှတ်ထားတဲ့ မောင်မောင်အေး

အခက်အခဲဆိုတာ ဖြေရှင်းစရာ (ပုစ္ဆာ) တွေလို့ သတ်မှတ်ထားတဲ့ မောင်မောင်အေး

လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက စင်ပေါ်မှာ Game တွေကို ဖန်တီးပေးခဲ့တဲ့သူ။ ဟာသဉာဏ် ရွှင်စွာနဲ့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မော အောင်လုပ်ပေးခဲ့တဲ့သူ။ သူကတော့ ကိုမောင်မောင်အေးပါ။ ၁၅ နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ သူ့ဘဝတစ်လျှောက်မှာ အခက်အခဲတွေက ဘာများဖြစ်မလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ။ အခုဆိုရင် ကိုမောင်မောင်အေးနဲ့ တွေ့ဆုံမေးမြန်းဖို့အတွက် Dream Boat ရုံးရှေ့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်မွန်ရဲ့ လက်ထဲမှာတော့ Yope မေးခွန်း ၅ ခုနဲ့အတူ  Yope Red Chair ရှိနေပါတယ်။

မေး။   ။ညီမတို့အစီအစဉ်ရဲ့ ထုံးစံအတိုင်းမေးခွန်း ငါးခုကို ဖြေပေးရမှာပေါ့နော်။ ဟုတ် ပထမဆုံး မေးခွန်းပါ အစ်ကို။ Dream Boat က မြန်မာနိုင်ငံမှာ ပထမဆုံး Game and Entertainment ကုမ္မဏီဖြစ်ခဲ့တယ်ဆိုတော့ စလုပ်ချိန်ကနေ အခုချိန်ထိ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲက ဘာများဖြစ်မလဲ အစ်ကို။

ဖြေ။   ။ တကယ်တော့ အခက်အခဲဆိုတာ မရှိပါဘူး။ အခက်အခဲဆိုတာတွေကိုလည်း အခက်အခဲလို့ မသတ်မှတ်ပါဘူး။ တစ်ခုခုဆိုရင် ဒါဟာအခက်အခဲမဟုတ်ဘူးပေါ့ ပုစ္ဆာတစ်ခုပေါ့နော်။ တွက်ရခက်တဲ့ ပုစ္ဆာနဲ့ တွက်ရလွယ်တဲ့ ပုစ္ဆာပေါ့။ ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို ရှင်းတာပါပဲ။

မေး။  ။ ဟုတ် နံပါတ် ၂ မေးခွန်းပါပေါ့နော်။ ဒါကတော့ နည်းနည်းရယ်စရာပါမယ် ထင်ပါတယ် အစ်ကို။ ကိုမောင်မောင်အေးကိုပေါ့နော်။ အိမ်ထောင်မကျတာ ဆံပင်မပေါက်လို့ ဆိုပြီးလူတွေကတကယ်လို့  ပြောလာခဲ့ရင် အဲဒီလူတွေကို ဘယ်လိုများ တုန့်ပြန်ချင်ပါသလဲရှင်။

ဖြေ။  ။ ကျွန်တော့်ကို အိမ်ထောင်မကျတာ ဆံပင်မပေါက်လို့ဆိုရင် ။ အဲဒီလိုလူတွေအရှေ့မှာရှိရင် ကျွန်တော် ဆံပင်တစ်ခါတည်း တုံးလိုက်ပါတယ် ကျွန်တော်ဓား အမြဲဆောင်ထားတယ် အဆင်သင့်။ ပြောတဲ့သူရှိရင် ကျွန်တော်ကရှိသမျှ အမွှေး သူတို့ကို   အကုန်ပြန်ရိတ်ပြစ်မှာပါ။

မေး။ ။ ဟုတ်ကဲ့ပါ အစ်ကို  ဒါက နံပါတ် ၃ မေးခွန်းပါရှင့်။  အစ်ကို့ကို မွေးနေ့မှာ ထူးထူးခြားခြား ဆင်တစ်ကောင် လက်ဆောင်ပေးခဲ့ပြီးတော့ပေါ့နော်။ အစ်ကိုက အဲဒီဆင်ကို   ရောင်းလို့လဲ မရဘူး ယူသွားလို့လည်း မရဘူးဆိုရင် အစ်ကို အဲဒီဆင်ကို ဘာလုပ်လိုက်မလဲ။

ဖြေ။  ။ အဲဒီဆင် ပုံမှန်အားဖြင့်ဆိုရင် အစ်ကို ဘောင်းဘီအိတ်ထဲမှာကို ဆင်တွေ အပြားလိုက် ရှိတယ်လေ။ သူပေးတဲ့ ဆင်ဆိုတာ အစ်ကိုထင်ပါတယ် အဲဒီ ငါးထောင်တန်ဆင်တွေပဲ ဖြစ်မှာပါ။ အဲဒီတော့ အစ်ကိုအဆင်ပြေပါတယ်။ ဘာမှမလုပ်ဘူး အစ်ကို ဘောင်းဘီအိတ်ထဲပဲ ထည့်သွားမယ်။

မေး။  ။  ဟုတ်ပါပြီ အစ်ကို  နံပါတ် ၄ မေးခွန်းပေါ့နော်။ လက်ရှိအသက်မွေး ၀မ်းကျောင်းအလုပ်ကို ကိုမောင်မောင်အေးက ဘာလို့ ရွေးချယ်ဖြစ်တာပါလဲ။

ဖြေ။   ။  အဲ အဲဒါတော့ အတည်ပြောပြီနော်။ လက်ရှိ အသက်မွေးဝမ်းကျောင်းက အရင်တုန်းက ကျွန်တော်အလုပ် မျိုးစုံလုပ်ဖူးတယ်။ Service ပေးတဲ့အလုပ်တွေပါပဲ အဓိကကတော့ ကျွန်တော် ငယ်ငယ်ကတည်းက ငယ်ငယ်ဆိုတာလေး ငါးတန်းလောက်ကတည်းက အိမ်ကနေ မုန့်ဖိုးမတောင်းဘဲ ကိုယ့်ဘာသာကိုယ် စီးပွားရှာဖူးတယ်။ ဆိုလိုတာက မုန့်တွေရောင်းတယ် ပြီးတော့ အိမ်မှာက စတိုးဆိုင် သေးသေးလေးဖွင့်ထားတော့ အဲဒီစတိုးဆိုင်ကနေပြီးတော့ သကြားလုံးတို့ ပီကေတို့ကို ကျွန်တော်က အဖေ့ဆီကနေတောင်းပြီးတော့ ဗန်းလေးနဲ့ထည့်ပြီးတော့ Bus ကားဂိတ်တွေမှာ သွားရောင်းဖူးတယ်။ ကျွန်တော်က စီးပွားရေးအဲဒီလိုမျိုး ရောင်းရတာကို ၀ါသနာပါတယ် ရှက်စရာလို့ကို မမြင်ခဲ့ဘူး ကျွန်တော် ငယ်ငယ်က။ စားသောက်ဆိုင်လည်း ဖွင့်ဘူးတယ်။ စားသောက်ဆိုင်က တော်တော်လေး အောင်မြင်တယ် ။ ဒါပေမယ့် ဘာဖြစ်လဲဆိုတော့ စားသောက်ဆိုင် ဖွင့်တဲ့အချိန်မှာ ကိုယ့်ဆိုင်မှာ လာတဲ့သူတွေကို အချို့တွေက သောက်ထားတယ်။ ကြာတော့ Glumly ဖြစ်လာတယ် အဲဒီသောက်တဲ့ စားတဲ့အပေါ်မှာ လူတွေမူးပြီး ရစ်တာတွေ ရန်ဖြစ်တာတွေကို လိုက်ဆွဲရတာတွေ ဆိုတော့ ကျွန်တော် အဲဒီအပေါ်မှာ ရတဲ့ငွေတွေကျွန်တော့် စိတ်ထဲမှာ ကျွန်တော် မလိုချင်တော့ဘူး။ ဆိုတော့ ကိုယ်ဘာလုပ်တတ်လဲ လုပ်တတ်တာတွေထဲမှာ ကိုယ်ပျော်ပျော်လုပ် တက်ပြီးတော့ ကိုယ်ပျော်ပျော်လုပ်တာဟာ ကိုယ့်အတွက်လည်းပျော်ပြီး သူများလည်းပျော်တယ်။ သူများကလည်း ကိုယ့်ကို ပိုက်ဆံ ပျော်ပျော်ကြီး ပေးတယ်။ ဆိုတော့ အဲဒီအလုပ်က ဒီအလုပ်နဲ့ အဆင်ပြေတယ်ဆိုပြီး ကျွန်တော်စမ်းကြည့်လိုက်တော့ ကျွန်တော့်အတွက် အဆင်ပြေတယ်ပေါ့နော် အဲဒါကို လုပ်ရင်းနဲ့ပဲ ကြိုက်မှန်းမသိဘဲ ကြိုက်လာတာပေါ့နော်။

မေး ။  ။ဟုတ် နံပါတ် ၅ မေးခွန်းပေါ့နော်။ အစ်ကိုသာ နောင်ဘဝမှာ လူဖြစ်ခွင့်ရပြီးတော့ အင်္ဂလန်နိုင်ငံမှာသာ လူဖြစ်ခွင့်ရရင် ဘယ်လိုလူမျိုး ဖြစ်ချင်ပါသလဲ။

ဖြေ။  ။  အင်္ဂလန်မှာမှ ဖြစ်ရမှာလား အင်္ဂလန်မှာ မဖြစ်ချင်ဘူးဗျ။ အရမ်းအေးတယ် အင်္ဂလန်ကြီးကသူ့ ရာသီဥတု ကျွန်တော် မကြိုက်ဘူး။ ကျွန်တော်က အဲဒီလို ဥရောပနိုင်ငံတွေမှာ အလှည့်ကျပေါ့နော်။ အလှည့်ကျ အဲဒီလို မင်းသားလေးအဖြစ်ပေါ့နော်။ သူတို့တွေကအရမ်းကို လိုလိုလားလားနဲ့  ခေါ်တဲ့ မင်းသားလေးပေါ့နော်။ တစ်လ တန်သည် နှစ်လတန်သည် လိုက်ပြီးတော့ ဥရောပနိုင်ငံမှာ လှည့်လည်ပေးနေတဲ့ ကျွန်တော့်မျက်နှာမြင်ရင် အားလုံးက ပျော်ရွှင်နေပြီးတော့သိတယ်မှတ်လား ကျွန်တော့်ကို ဖူးဖူးမှုတ်ထားပြီးတော့  Feel တွေတက်နေတာပေါ့။ကိုယ်ကတော့ ဘာကောင်မှတော့ မဟုတ်ဘူးပေါ့။ အဲဒီလိုဘဝပေါ့နော် ။ အဲဒီလိုဆိုရင်တော့ မဆိုးဘူးပေါ့။

(ဤအစီအစဉ်သည် မဇ္ဈိမ မီဒီယာမှ စီစဉ်ထုတ်လုပ်သည့် YOPE လူငယ်အစီအစဉ်တွင် ပါရှိသည့် အင်တာဗျူးဖြစ်သည်။ YOPE အစီအစဉ်များကို https://www.facebook.com/yopemyanmar/ သွားရောက် ကြည့်နိုင်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly