မည်သည့် အသင်းကိုမဆို အာဆင်နယ ်အနိုင်ယူနိုင်စွမ်းရှိသည်ဟု အိုဇေးလ် ပြော

မည်သည့် အသင်းကိုမဆို အာဆင်နယ ်အနိုင်ယူနိုင်စွမ်းရှိသည်ဟု အိုဇေးလ် ပြော
 

နိုဝင်ဘာ ၁၇၊ အင်္ဂလန် ။               ။ အာဆင်နယ်ကွင်းလယ်ကစားသမားအိုဇေးလ်က ၎င်းတို့အသင်းအနေဖြင့် မည်သည့်အသင်းကိုမဆို အနိုင်ကစားနိုင်စွမ်းရှိသည်ဟု ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းမှာ လက်ရှိတွင် အမှတ်ပေးဇယား အဆင့် ၄ နေရာတွင်ရပ်တည်နေပြီး မန်ယူနှင့် ခြောက်မှတ်ကွာဟလျက်ရှိသည်။ ယခုတစ်ပတ်တွင် အာဆင်နယ်အသင်းမှာ မန်ယူအသင်းနှင့် အဝေးကွင်းတွင် သွားရောက်ကစားရမည် ဖြစ်သည်။ အိုဇေးလ်က အိုးလ်ထရက်ဖို့ဒ်တွင် အာဆင်နယ်အနိုင်ရနိုင်သည်ဟု ယုံကြည်လျက်ရှိနေခြင်း ဖြစ်သည်။

‘ကျွန်တော်တို့အသင်းက ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ဒါကို ဒီရာသီမှာ ပြသသွားလိုပါတယ်’ ဟု အိုဇေးလ်က ပြောသည်။

ထို့အပြင် အိုဇေးလ်က အာဆင်နယ်အသင်းဖော်များအား ‘ဒီရာသီမှာ ရနိုင်သလောက်အမှတ်တွေရရှိဖို့ ပွဲတိုင်းကို အနိုင်ရထားဖို့ လိုပါတယ်။ အသင်းကြီးတွေနဲ့ ကစားတဲ့ပွဲတွေမှာလည်း ရနိုင်သလောက် အမှတ်တွေ ယူထားရမှာပါ။ ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့ ပွဲတုန်းကလိုပေ့ါ။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတွက် ကိုယ့်ကိုကိုယ်အကောင်းဆုံးဖြစ်နေဖို့ လိုပါတယ်။ ပွဲတိုင်းကို အနိုင်ရခဲ့မယ်ဆိုရင် ရာသီအဆုံးမှာ ထိပ်ဆုံးကို ရောက်ရှိနေပါလိ့မ်မယ်’ ဟု ပြောခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly