ရထားနှင့် ကုန်တင်ကား တိုက်မိရာ ကားသမားသေဆုံး

ရထားနှင့် ကုန်တင်ကား တိုက်မိရာ ကားသမားသေဆုံး
 ကားနှင့်ရထားတိုက်မိခဲ့သောဖြတ်လမ်းဆုံကို တွေ့ရစဉ်။

မုံရွာ၊ နိုဝင်ဘာ ၁၆ ။           ။ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်တွင် နိုဝင်ဘာ ၁၆ ရက်က ကုန်တင်ယာဉ်တစ်စီးနှင့် ရထားတိုက်မိရာ ကားပေါ်လိုက်ပါလာသော ယာဉ်နောက်လိုက်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပခုက္ကူမှမုံရွာသို့ထွက်ခွာလာသော အဆန်ရထား သည် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် ညောင်ကိုင်းအင်းဖြတ်လမ်းအရောက်တွင် သံလမ်းဖြတ်ကူးလာသော ကားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားပေါ်လိုက်ပါလာသူ ယာဉ်နောက်လိုက်မှာ ဆေးရုံပို့ဆောင်စဉ် အသက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly