အင်တာနက်တွင် တတိယမြောက်ဝတုတ် ကင် ဆိုသည့်စကားလုံး ရှာဖွေမရအောင် တရုတ်နိုင်ငံက ပိတ်ထား

အင်တာနက်တွင် တတိယမြောက်ဝတုတ် ကင် ဆိုသည့်စကားလုံး ရှာဖွေမရအောင် တရုတ်နိုင်ငံက ပိတ်ထား

ပေကျင်း၊ နိုဝင်ဘာ ၁၆ ။    ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တရုတ်နိုင်ငံသား အများစု လှောင်ပြောင်ရယ်သွမ်းသွေးခေါ်ဝေါ်လေ့ရှိသည့် တတိယမြောက် ဝတုတ် ကင် (Fatty Kim the Third) ဆိုသည့် စကားလုံးကို တရုတ်ဝက်ဘ်ဆိုက်များတွင် ရှာဖွေ၍ မရအောင် ထပ်မံပိတ်ထားလိုက်ပြီဖြစ်ပြီး ပြည်ပခေါင်းဆောင်များကို လှောင်ပြောင်ပျက်ရယ်ပြုခြင်းများအား   ထောက်ခံမည် မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တွစ်တာကဲ့သို့ တရုတ်လူမှုမီဒီယာဖြစ်သော Weibo နှင့် တရုတ်ရှာဖွေရေးအင်ဂျင်ဖြစ်သော Baidu တို့တွင် အထက်ပါ စကားလုံးအား ပြီးခဲ့သည့် သီတင်းပတ်တွင်းကစပြီး အင်တာနက်သုံးစွဲသူများ ရှာဖွေ၍ မရဘဲ ဖြစ်လာသည်။

ထိုစကားစုသည် ကင်ဂျုံအွန်၏ ကိုယ်အလေးချိန်၊ ဖခင်ဖြစ်သူ၊ အဘိုးဖြစ်သူတို့ကို တစ်ပါတည်း ရည်ညွန်းလှောင်ပြောင်သည့် စကားလုံးဖြစ်သည်။ စက်တင်ဘာလအတွင်းကလည်း တရုတ်နိုင်ငံက ယင်းစကားလုံးကို အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့သည့်နောက်ပိုင်း၌ တစ်ကြိမ်ပိတ်ထားခဲ့ဖူးသည်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ အကြိမ်ကြိမ် ပြုလုပ်ခြင်းကြောင့် တရုတ်နိုင်ငံကလည်း ကင်ကို သဘောမကျဘဲ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly