လေယာဉ်ငယ်တစ်စီး မာန်အောင်လေဆိပ်တွင် ဘီးပေါက် ပြေးလမ်းချော်

လေယာဉ်ငယ်တစ်စီး မာန်အောင်လေဆိပ်တွင် ဘီးပေါက် ပြေးလမ်းချော်

စစ်တွေ၊ နိုဝင်ဘာ ၁၆ ရက် ။         ။ မြန်မာ့အမျိုးသားပိုင်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၂၄၂ CARAVAV ချာလီအမျိုးအစား ခရီးသည်တင်လေယာဉ်ငယ်သည် ယနေ့ (နိုဝင်ဘာ ၁၆ရက်) နံနက် ၉ နာရီတွင် ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် မာန်အောင်မြို့ လေဆိပ်သို့ ဆင်းသက်စဉ် ပေ ၂၀၀ ခန့် အလိုတွင် ညာဘက်ဘီးပေါက်ပြီး ပြေးလမ်းသို့ ချော်ထွက် သွားခဲ့ကြောင်း သတင်းရရှိသည်။

လေယာဉ်ပေါ်တွင် ခရီးသည် (၈) ဦးနှင့် လေယာဉ် ပိုင်းလော့၊ အကူပိုင်းလော့နှင့် လေယာဉ်မယ် တစ်ဦးစီ စုစုပေါင်း (၁၁) ဦး လိုက်ပါလာခဲ့ခြင်း ဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း မြန်မာအမျိုးသားပိုင်   လေကြောင်းလိုင်းက အတည်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly