လွတ်လပ်ရေးထောက်ခံသည့် ဟောင်ကောင်အမတ်နှစ်ဦးကို ရာထူးက ရုပ်သိမ်း

လွတ်လပ်ရေးထောက်ခံသည့် ဟောင်ကောင်အမတ်နှစ်ဦးကို ရာထူးက ရုပ်သိမ်း

ဟောင်ကောင်၊ နိုဝင်ဘာ ၁၅ ။               ။ ဥပဒေပြုကောင်စီတွင် အမတ်အဖြစ် တင်မြှောက်ထားခံရသည့် လွတ်လပ်ရေးထောက်ခံသူအမတ်နှစ်ဦးအား ဟောင်ကောင်တရားရုံးချုပ်က အမတ်နေရာက ပြန်လည်ရုပ်သိမ်းမိန့်ကို ချမှတ်ခဲ့သည်။

 ပြီးခဲ့သည့်လ ကျမ်းသစ္စာဆိုရာ၌ Sixtus Leung နှင့် Yau Wai-ching တို့နှစ်ဦးက တရုတ်၏ သစ္စာခံရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

 တရုတ်၏ ဖိအားဖြင့် စီရင်ချက်ချရာတွင် ကျမ်းသစ္စာ ဆိုခြင်းမရှိသူများအနေဖြင့် အမတ်နေရာကို ရယူပိုင်ခွင့်မရှိကြောင်း ပြီးခဲ့သည့်သီတင်းပတ်က စီရင်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်။

 တရားစီရင်ပိုင်ခွင့်လွတ်လပ်မှု ချိုးဖောက်ခံရခြင်းအဖြစ် ယခုစီရင်ချက်အပေါ် ထောင်ပေါင်းများစွာက ဆန္ဒပြကြသည်။

 သို့သော်လည်း ဟောင်ကောင်ဒေသပိုမိုလွတ်လပ်ရေးကို တောင်းဆိုမှုများအား ဆန့်ကျင်သည့် ဆန္ဒပြမှုများလည်း ရှိနေသည်။

 ဟောင်ကောင်ဒေသသည် ၁၉၉၇ ခုနှစ် တရုတ်လက် ပြန်ရောက်စဉ်မှစကာ တစ်နိုင်ငံ စနစ်နှစ်ရပ်မူဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်စိတ်တစ်ပိုင်း ရရှိသောနိုင်ငံဖြစ်သည်။

 သို့သော်လည်း ဟောင်ကောင်၏ အခြေခံဥပဒေသည် တရုတ်၏ အာဏာတွင်းမှာပင် ရှိနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags