ဘာစီလိုနာနှင့် စာချုပ်သစ်ချုပ်ဆိုရန် မက်ဆီငြင်းဆန်

ဘာစီလိုနာနှင့် စာချုပ်သစ်ချုပ်ဆိုရန် မက်ဆီငြင်းဆန်

နိုဝင်ဘာ ၁၅၊ စပိန် ။           ။ လာမည့်နွေရာသီတွင် စာချုပ်သစ်ချုပ်ဆိုရန် ဘာစီလိုနာအသင်းက ကမ်းလှမ်းခဲ့မှုကို အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ငြင်းဆန်ပယ်ချလိုက်သည်။

မက်ဆီသည် လက်ရှိအချိန်တွင် အခွန်ကိစ္စရပ်နှင့်ပတ်သက်ပြီး စပိန်အာဏာပိုင်များနှင့် အမှုအခင်းဖြစ်ပွားနေသည့်အတွက် စာချုပ်သစ်ချုပ်ဆိုလိုခြင်းမရှိသေးကြောင်း ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ မက်ဆီ၏ အမှုမှာ ရုံးတင်ထားဆဲဖြစ်ပြီး လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း စစ်ဆေးကြားနာသွားမည် ဖြစ်သည်။

အကယ်၍ စာချုပ်သစ်ချုပ်ဆိုမည်ဆိုပါကလည်း အစောဆုံးအဖြစ် ၂၀၁၇ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၈ ခုနှစ်တွင်မှ စာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း မက်ဆီက ပြောကြားခဲ့သည်။

မက်ဆီနှင့် နီးစပ်သည့်အသိုင်းအဝိုင်းကလည်း မက်ဆီ၏စာချုပ်သစ်မှာ ၂၀၁၇ ခုနှစ်အတွင်းသာ အစောဆုံးဖြစ်နိုင်ပြီး စာချုပ်သစ်ချုပ်ခဲ့ပါကလည်း တစ်နှစ်လျှင် ပေါင် ၄၅ သန်း အထိ လစာတိုးမြင့်သွားမည်ဖြစ်ကာ စီရော်နယ်ဒို၏လစာကို ကျော်ဖြတ်သွားမည်ဟု ပြောခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags