မန်ယူကွင်းလယ် လူရှဝိန်းစတိုင်ဂါ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားနှင့် ဆွေးနွေး

မန်ယူကွင်းလယ် လူရှဝိန်းစတိုင်ဂါ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားနှင့် ဆွေးနွေး

နိုဝင်ဘာ ၁၅၊ မန်ချက်စတာ။                             ။ ဇန်နဝါရီတွင် အိုးထရက်ဖို့ဒ်မှထွက်ခွာဖွယ်ရှိသည့် မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါသည် မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းနှင့် တွေ့ဆုံဆွေးနွေးလျှက် ရှိသည်။

အသက် ၃၂ နှစ်ရှိ ဂျာမနီအသင်းခေါင်းဆောင်ဟောင်းအနေဖြင့် စိတ်ဝင်စားသည့်အသင်းများနှင့် ဆွေးနွေးခွင့်ရရှိထားသည်။ အမေရိကန်မေဂျာလိဂ်အသင်းတစ်သင်းသို့ပြောင်းမည်ဟု ယူဆရပြီး ချီကာဂိုအသင်းနည်းပြ ပေါ်နိုဗစ်နှင့် တွေ့ဆုံဆွေးနွေး ထားသည်။

စတိုင်ဂါသည် တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းရန် နည်းပြမော်ရင်ဟို၏ ညွှန်ကြားခြင်းကိုခံခဲ့ရသော်လည်း နောက်ပိုင်းတွင် အသင်းနှင့် ပြန်လည်ပူးပေါင်းကာ လေ့ကျင့်ခန်း ဆင်းခွင့်ရခဲ့သည်။

သို့သော်လည်း ယင်းမှာ မန်ယူအသင်းတွင် ကစားခွင့်ရမည့် အနေအထားမဟုတ်ပေ။ စတိုင်ဂါသည် ၂၀၁၅ ဇူလိုင်တွင် ဘိုင်ယန် မြူးနစ်အသင်းမှ ပေါင် ၁၄ ဒသမ ၄ သန်းဖြင့်ပြောင်းလာပြီးနောက် ပြီးခဲ့သည့် မတ်လတွင် မန်စီးတီးကို ၁-၀ ဖြင့်အနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲပြီး ကတည်းက ပွဲထွက်ခွင့်ပျောက်နေသူဖြစ်သည်။

ယင်းကစားသမားသည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲကစားထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly