ရွေးကောက်ပွဲ ကတိစကားများ အကောင်အထည် ဖော်ခြင်းအပေါ် ထရမ့်အား အိုဘားမား သတိပေး

ရွေးကောက်ပွဲ ကတိစကားများ အကောင်အထည် ဖော်ခြင်းအပေါ် ထရမ့်အား အိုဘားမား သတိပေး

ဝါရှင်တန်၊ နိုဝင်ဘာ ၁၅ ။                      ။ ရီပတ်ဘရီကန်ပါတီမှ သမ္မတရာထူး ဆက်ခံမည့် ဒေါ်နယ်ထရန့်အနေဖြင့် ရွေးကောက်ပွဲ ကတိများကို အကောင်အထည်ဖော်ဖို့ လုပ်လာလျှက် လက်တွေ့ အတားအဆီးများနှင့် ရင်ဆိုင်ရမည်မှာ မလွဲကြောင်း လက်ရှိသမ္မတ အိုဘားမားက သတိပေးလိုက်သည်။

အိုဘားမားကိုယ်တိုင် အမေရိကန်၏ ခေါင်းဆောင်အဖြစ် မထိုက်တန်သူ ပြောထားသော ဒေါ်နယ်ထရန့်က ရွေးကောက်ခံရသည့်အတွက် စိုးရိမ်မှုဖြစ်နေသော မဟာမိတ်များကို ဖြေသိမ့်ရန် ဥရောပသို့   နောက်ဆုံးနှုတ်ဆက်ခရီး မသွားရောက်မီ အိုဘားမားက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာ၌ ယခု မှတ်ချက်စကားကို ပြောလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ရွေးကောက်ပွဲတွင် ဟီလာရီကို ကျော်တက်ကာ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲအနိုင်ရခဲ့သော်လည်း ကမ္ဘာ့ထိပ်တန်းဒီမိုကရေစီနိုင်ငံကြီးတွင် ဖြစ်မြဲမဟုတ်သည့်  ရွေးကောက်ပွဲ အနိုင်ရ သမ္မတအပေါ် ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်း ဖြစ်ပွားသည်။

သမ္မတရာထူး ရယူတော့ရန် သီတင်းကိုးပတ်သာ လိုတော့သည့် အသက် ရ၀ အရွယ် ဘီလျှံနာသူဌေးကြီး ဒေါ်နယ်ထရမ့်က မန်ဟတ်တန်တွင် ၎င်း၏ အစိုးရသစ်အဖွဲ့ကို ဖွဲ့စည်းလျက်ရှိနေသည်။

အိမ်ခြံမြေလုပ်ငန်းရှင်ဖြစ်ကာ နိုင်ငံရေး လုပ်ကိုင်ဖူးခြင်းမရှိသည့် ထရမ့်က အမေရိကန်၏ အရေးကြီးသော နိုင်ငံတကာဆက်ဆံရေးပုံစံကို ပြောင်းလဲပစ်မည်ဟု ကြွေးကြော်ထားခဲ့သူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly