မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ထောက်လှမ်းရေးသတင်းဖလှယ်မှုပဋိညာဉ် ဂျပန်နှင့် တောင်ကိုရီယား လက်မှတ်ရေးထိုး

မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ထောက်လှမ်းရေးသတင်းဖလှယ်မှုပဋိညာဉ် ဂျပန်နှင့် တောင်ကိုရီယား လက်မှတ်ရေးထိုး

တိုကျို၊ နိုဝင်ဘာ ၁၄ ။             ။ မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားလုပ်ဆောင်မှုများနှင့် ပတ်သက်သည့် အရေးကြီးသည့် သတင်းအချက်အလက်များကို ဖလှယ်သွားရန် ဂျပန်နှင့်   တောင်ကိုရီးယားနိုင်ငံတို့က ကနဦးသဘောတူညီမှုပဋိညာဉ်အား နိုဝင်ဘာ ၁၄ ရက်တွင် လက်မှတ်ရေးထိုးရာ တောင်ကိုရီးယား၏ အတိုက်အခံအမတ်များက ယင်းသဘောတူညီမှု အပေါ် မကျေမချမ်းဖြစ်လျက် ရှိသည်။

အဆိုပါ စစ်ရေးလုံခြံုရေးသတင်းအချက်အလက်ဆိုင်ရာသဘောတူညီမှုကို ၂၀၁၂ ခုနှစ်အတွင်းက လက်မှတ်ရေးထိုးရန် မျှော်မှန်းခဲ့သော်လည်း တစ်ချိန်က ကိုလိုနီအုပ်ချုပ်သူဖြစ်ခဲ့ဖူးသည့် ဂျပန်နှင့် လုံခြံုရေး ပဋိညာဉ် ချုပ်ဆိုခြင်းကို ပြည်တွင်းအတိုက်အခံမျာက ဆန့်ကျင်ကန့်ကွက်ခြင်းကြောင့် တောင်ကိုရီးယားက ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ဆွေးနွေးပွဲများ၏ တတိယအကြိမ်မြေက်တွင် သဘောတူညီမှု ရခဲ့ကာ ကနဦးလက်မှတ်ရေးထိုးမှုကို ဆောင်ရွက်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အပြီးသတ်သဘောတူညီမှု လက်မှတ်ရေးထိုးရေးကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလကုန်ပိုင်းလောက်တွင် ထမြောက်နိုင်ကြောင်း ကျိုတိုသတင်းဌာနက ဖော်ပြသည်။

၁၉၅၀-၅၃ ခုနှစ် တောင်-မြောက် ကိုရီးယား စစ်ပွဲက ယာယီစစ်ပြေငြိမ်းရေးဖြင့် အဆုံးသတ်ထားခြင်းဖြစ်ရာ တရားကိုယ်အားဖြင့် တောင်ကိုရီးယားနိုင်ငံအတွက် စစ်ရေးအတွင်းမှာပင်ရှိနေဆဲဖြစ်သည့် အထီးကျန် မြောက်ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂ လုံခြံုရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို အာခံကာ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို အဖန်တလဲလဲ လုပ်ဆောင် လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags