မောတောင် - ဆင်ခွန်ဂိတ် ဖွင့်လှစ်နိုင်ရေး နယ်မြေဆန်းစစ် လေ့လာချက် နှစ်နိုင်ငံ လက်မှတ်ရေးထိုးရန်လို

မောတောင် - ဆင်ခွန်ဂိတ် ဖွင့်လှစ်နိုင်ရေး နယ်မြေဆန်းစစ် လေ့လာချက် နှစ်နိုင်ငံ လက်မှတ်ရေးထိုးရန်လို
ထိုင်းနိုင်ငံ နယ်စပ် ဆင်ခွန်ဂိတ်ကို ၂၀၁၆ ဇွန်လက တွေ့စဉ်။ ဓာတ်ပုံ - ဇော်နီ

မြိတ်၊ နိုဝင်ဘာ - ၁၄ ။          ။ ထိုင်း - မြန်မာ နယ်စပ် မောတောင် - ဆင်ခွန်ဂိတ် တရားဝင်ဖွင့်လှစ်နိုင်ရေးအတွက် နယ်စပ်ဂိတ်ဝန်းကျင်ရှိ နယ်မြေ တိုင်းတာ ဆန်းစစ်လေ့လာချက်ကို နှစ်နိုင်ငံ လက်မှတ်ထိုးပြီးမှသာ ဆင်ခွန်အထူး ယာယီဂိတ်ကို အမြဲတမ်းဂိတ်အဖြစ် ပြောင်းလဲနိုင်မည်ဟု ပရာကျွတ်ခီရီကန်ခရိုင် ဒုတိယခရိုင်ဝန် Mr.Sonporn Patchimphat က ပြောသည်။

“ ဆင်ခွန်ဂိတ်ပတ်ဝန်းကျင်မှာ တိုင်းတာထားတဲ့ နယ်မြေဆန်းစစ်မှု လေ့လာချက်ကို လက်မှတ်ထိုးပေးနိုင်ရင် အထူးယာယီဂိတ်မှ အမြဲတမ်းဂိတ်အဖြစ်ကို အမြန်ဆုံးဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာ ၁၂ ရက်က ထိုင်း-မြန်မာ မောင်နှမမြို့တော် ပရာကျွတ်ခီရီကန်ခရိုင်နှင့် မြိတ်ခရိုင် ချစ်ကြည်ရေး စီးပွားရေးဆိုင် ရာတွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ဆင်ခွန်အထူး ယာယီဂိတ်ကို မြန်မာနိုင်ငံ မောတောင်နယ်စပ်ဂိတ်ကဲ့သို့ တရားဝင်ဖွင့်လှစ်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ တနသာင်္ရီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းတို့က တောင်းဆိုမှုတစ်ခုအနေဖြင့် ထည့်သွင်းပြောကြားခဲ့မှုအပေါ် ဒုတိယခရိုင်ဝန်က ယင်းသို့ ပြောဆိုသွားခြင်း ဖြစ်သည်။

မောင်နှမမြို့တော်အဖြစ် လက်မှတ်ရေးထိုးပြီးနောက် ပရာကျွတ်ခီရီကန်ခရိုင်သို့ ခရီးသွား ၀င်ရောက်ခွင့်အတွက် (၄ ) ရက် (၃) ညအဖြစ် ထိုင်းဘက်မှ ခွင့်ပြုထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြိတ်ခရိုင်မှ ခွင့်ပြုထား သကဲ့သို့ (၇)ရက် သို့မ ဟုတ် (၁၄) ရက်အထိတိုးမြှင့် ခွင့်ပြုသွားရန် ပြည်ထဲရေးဌာနသို့ တရားဝင် တင်ပြထားပြီးဖြစ်ကြောင်းလည်း သိရသည်။

မြိတ်ခရိုင်မှ နယ်စပ်ကုန်စည်စီးဆင်းမှု ပိုမို အဆင်ပြေလာစေရန်အတွက် တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်းဆိုထားသည့် 0ne Stop Service ကိုလည်း ထိုင်းနိုင်ငံ ဆင်ခွန်ဂိတ်တွင်   ဆောင်ရွက်ထားရှိလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly