ထိုင်းတွင် ကားဗုံးပေါက်ကွဲ၍ လူနှစ်ဦး ဒဏ်ရာရ

ထိုင်းတွင် ကားဗုံးပေါက်ကွဲ၍ လူနှစ်ဦး ဒဏ်ရာရ

ဘန်ကောက်၊ နိုဝင်ဘာ ၁၄ ။           ။ ထိုင်းနိုင်ငံ ပတ္ထာနီပြည်နယ် ခေါ့ပိုခရိုင်တွင် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ပစ်ကပ်ထရပ်ကားတစ်စီးအား စစ်ဆေးနေစဉ် ဗုံးပေါက်ကွဲရာ ရပ်မိရပ်ဖနှစ်ဦး ဒဏ်ရာရကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။

အဆိုပါ ကားဗုံးပေါက်ကွဲမှုသည် ဘန်သောင်ယောက်ကျေးရွာတွင် နံနက် ရှစ်နာရီဝန်းကျင်က ဖြစ်ပွားခြင်းဖြစ်သည်။

ကျေးရွာအကြီးအကဲ၏ လက်ထောက်နှစ်ဦးဖြစ်သူက နိုဝင်ဘာ ၁၃ ရက်နေ့ ၌ ဖြစ်ပွားခဲ့သော ဓားပြတိုက်လူသတ်မှုမှာ အသုံးပြုခဲ့သည့် ကားအဖြစ် သံသယရှိ၍ ထိုမာဇဒါပစ်ကပ် အမျိုးအစားကားကို စစ်ဆေးကြည့်ရှုစဉ် ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်သည်။

ကားအတွင်း လက်လုပ်ဗုံးတပ်ဆင်ထားကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခံရခြင်းဖြစ်သည်။

ဒဏ်ရာရသူနှစ်ဦးအား ဆေးရုံသို့ အားချင်းတင်ပို့ခဲ့ရသည်။ ရဲဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags