ဂတ်မူလာ၊ ကိန်းတို့ရဲ့ သွင်းဂိုးတွေကို လိုက်မီလာတဲ့ စီရော်နယ်လ်ဒို

ဂတ်မူလာ၊ ကိန်းတို့ရဲ့ သွင်းဂိုးတွေကို လိုက်မီလာတဲ့ စီရော်နယ်လ်ဒို
(ဓာတ်ပုံ - အီးပီအေ)

လတ်ဗီးယားနဲ့ပွဲမှာ ဂိုးနှစ်ဂိုးသွင်းခဲ့တဲ့ ရီးယဲလ်ကြယ်ပွင့်ကစားသမား စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် (၆၈) ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ဥရောပရဲ့ ထာဝရဂိုးသွင်းအများဆုံး စာရင်းမှာ နံပါတ် (၄) နေရာသို့ ရောက်လာကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့က ပေါ်တူဂီက လတ်ဗီးယားကို (၄-၁) ဂိုးနဲ့ နိုင်တဲ့ပွဲစဉ်မှာ ဂိုးနှစ်ဂိုး သွင်းယူခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဂတ်မူလာနှင့် ရော်ဘီကိန်းတို့ရဲ့ နိုင်ငံတကာ သွင်းဂိုး (၆၈) ဂိုးကို လိုက်မီသွားပြီး နံပါတ် (၄) နေရာမှာ ပူးတွဲရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ လတ်ဗီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပင်နယ်တီတစ်လုံးရယ် ကောင်းမွန်တဲ့ volley ကန်ချက် နဲ့ သွင်းဂိုးတို့ သွင်းယူခဲ့ပြီး ခြေစစ်ပွဲ နောက်ဆုံး ၃ ပွဲမှာ ရ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

ရီးယဲလ်ကြယ်ပွင့်ကစားသမားဟာ နိုင်ငံတကာအသင်းတွေမှာ လက်ရှိကစားနေတဲ့သူတွေထဲမှာ ဂိုးအများဆုံး သွင်းထားသူဖြစ်ပြီး မက်ဆီထက် သွင်းဂိုး (၁၂) ဂိုးပိုများပြီး Puskas (၈၄) ဂိုး၊ ဆန်ဒေါခိုဆစ် (၇၅) ဂိုးနှင့် ကလိုဆေး (၇၁) ဂိုးတို့နောက်  အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly