ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမှု စိုးရိမ်စရာမရှိသေးဟု ဒေါက်တာအောင်မြင့်မော် ပြော

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမှု စိုးရိမ်စရာမရှိသေးဟု ဒေါက်တာအောင်မြင့်မော် ပြော

ရန်ကုန်၊ နိုဝင်ဘာလ ၁၃ ။             ။ ရန်ကုန်မြို့အတွင်းရှိ လေထုညစ်ညမ်းမှုမှာ ပထမအကြိမ် တိုင်းတာချက်များအရ စိုးရိမ်ရသည့် အခြေအနေမရှိသေးဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်ထောက် အင်ဂျင်နီယာချုပ် ဒေါက်တာအောင်မြင့်မော်က ပြောသည်။

ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေကို ပထမအကြိမ်အဖြစ် ၂ဝ၁၅ ခုနှစ် ၄ လပိုင်းမှ ၂ဝ၁၆ ခုနှစ် ၄ လပိုင်းအ ထိ ၁ နှစ်ကြာ ရန်ကုန်မြို့အတွင်းရှိ ၆၇ နေရာကို တိုင်းတာခဲ့ကြောင်း ၄င်းကပြောသည်။

" လေထုညစ်ညမ်းမှုကတော့ စိုးရိမ်ရတဲ့အခြေအနေမရှိဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုလို့ချင်ရင် စံချိန်စံညွှန်း ထက်များ တယ်။ ဘာလဲဆိုတော့ နိုင်ငံတကာအနေနဲ့ များတာ။ နောက်တခါ မီသိန်း ဆိုရင်လည်း နိုင်ငံတာကာ အနေနဲ့ များတယ်။ အမ်နိုတူး ကတော့ စံချိန်စံညွှန်းအောက်မှာ ရှိတယ်။ စံချိန်စံညွှန်း မကျော်သေးဘူး။ အက်ဆိုတူးက တော့ စက်မှုဇုန်နား မှာ များတယ်။ တခြားနေရာမှာ နည်းတယ်။ ကာဗွန်နိုအောက်ဆိုဒ်ကတော့ ယာဉ်သွားလာမှုတွေကြောင့် နည်းနည်းများ တယ်။ အမှုန်ကတော့ စံချိန်စံညွှန်းထက် နည်းနည်းလေးပဲ ကျော်ပါ တယ်။ အားလုံးကို ခြံုကြည့်လိုက်ရင်ပေါ့နော် ပထမ တစ်ကြိမ်တိုင်းတာတဲ့ ရန်ကုန်မြို့ရဲ့ လေထုအခြေအနေက စိုးရိမ်စရာတော့ မရှိသေးပါဘူး။ " ဟု ဒေါက်တာအောင်မြင့် မော်က ဆိုသည်။

ပထမအကြိမ်တိုင်းတာမှုတစ်ခုတည်းဖြင့် လေထု အချက်အလက်မှန်ကန်မှုကို အတည်မပြုနိုင်သောကြောင့် ဒုတိယ အ ကြိမ်အဖြစ် ၂ဝ၁၆ခုနှစ် ၅ လပိုင်းမှ စတင်၍ ရန်ကုန်မြို့အတွင်းရှိ ၆၇ နေရာကို တိုင်းတာခဲ့ရာ  လက်ရှိတွင် ၂၈ နေရာ တိုင်းတာပြီးစီးသွားပြီဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ၄ လပိုင်းတွင် အားလုံးတိုင်းတာပြီးပါက ပထမအကြိမ်တိုင်းတာထားသည့် အ ဖြေ၊ ဒုတိယအကြိမ် တိုင်းတာထားသည့် အဖြေနှင့် စံချိန်စံညွှန်းစသည့် ၃ မျိုးကို ချိန်ကိုက်ပြီး လေထုညစ်ညမ်းသည့် နေ ရာများကို အတည်ပြု အဖြေထုတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လေထုညစ်ညမ်းသည့် ကိန်းဂဏန်းများ၊ အခြေအနေများ၊ နေရာများကို သိရှိပါက လေထုစံချိန်စံညွှန်းများကို လျှော့ချ နိုင်ရန် ဆောင်ရွက်ရာတွင် ပြည်သူများ၊ စက်မှုဇုန်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း ပူူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း ၄င်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင် လေထုတိုင်းတာစက်မှာ ၄ လုံးရှိပြီး ၂ဝ၁၄ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ မြို့တော် ခန်းမရှေ့၊ လှည်းတန်းနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ၁ လုံးစီ ထားရှိကြောင်း၊ ကျန်တစ်လုံးကို မိုဘိုင်းစနစ်ဖြင့် တိုင်း တာ ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်ထောက် အင်ဂျင်နီယာချုပ် ဒေါက်တာ အောင်မြင့် မော် ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly