ဂျာမနီ နှင့် ဆွစ်ဇာလန်တို့တွင် ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်မှု ဖြစ်စဉ်များ တွေ့ရှိ

ဂျာမနီ နှင့် ဆွစ်ဇာလန်တို့တွင် ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်မှု ဖြစ်စဉ်များ တွေ့ရှိ

နိုဝင်ဘာ ၁၃ ။            ။ ဂျာမနီ နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဖြစ်စဉ်များ တွေ့ရှိထားခဲ့ရပြန်ပြီဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောသည်။

H5N8 ဗိုင်းရပ်စ်ပိုးကို သြစတြေးလျ၊ ဟန်ဂေရီ၊ ပိုလန်၊ နယ်သာလန်၊ ဒိန်းမတ်နှင့် ခရိုအေးရှားတို့တွင် တွေ့ရှိထားခဲ့ရခြင်းဖြစ်သည်။

ယခုအခါ ဂျာမနီနိုင်ငံ Schleswig-Holstein ပြည်နယ်မှာ မွေးမြူရေးခြံတစ်ခု၌ အဆိုပါ ငှက်တုပ်ကွေးကူးစက်မှုဖြစ်စဉ်တစ်ခု တွေ့ရှိထားခဲ့ရကြောင်းနှင့် ယခုအခါ ယင်းခြံအတွင်းမှ ကြက်ကောင်ရေ ၃၀,၀၀၀ ကို သုတ်သင်သွားတော့မည်ဖြစ်ကြောင်း သိရသည်။ အလားတူ အကျယ်အဝန်း ၃ စတုရန်းကီလိုမီတာခန့် ကိုလည်း ပိတ်ပင်တားမြစ်ထားလိုက်ပြီ ဖြစ်ကြောင်း   ပြည်နယ်စိုက်ပျိုးရေးဝန်ကြီးက ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံရှိ Lake Geneva ကန်တစ်လျှောက် အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် ငှက်များသေဆုံးနေခဲ့ကြောင်း သက်ဆိုင်ရာက အတည်ပြုထားခဲ့သည်။

ယင်းအတွက်ကြောင့် သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ယင်းငှက်တုပ်ကွေးပိုး ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းများအတွင်း ဆက်လက်ကူးစက်ပြန့်ပွားသွားခြင်းမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly