ရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် FBI ဒါရိုက်တာကို ဟီလာရီ အပြစ်စကားဆို

ရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် FBI ဒါရိုက်တာကို ဟီလာရီ အပြစ်စကားဆို

နိုဝင်ဘာ ၁၃ ။               ။  ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပပြီးစီးသွားသည့် သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ခြင်းနှင့်ပတ်သက်၍ FBI ဒါရိုက်တာ၏ ကြားဝင်စွက်ဖက်လုပ်ဆောင်ချက်များအပေါ် ဟီလာရီကလင်တန်က ပြစ်တင်ပြောကြားသွားသည်။

ရွေးကောက်ပွဲရက်ပိုင်း နီးကပ်လာခဲ့စဉ်အတွင်း သူမ နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ်က အီးမေးလ်အသုံးပြုမှုကိစ္စရပ်များအပေါ် အသစ်တဖန် စုံစမ်းစစ်ဆေးမည်ဟု FBI ဒါရိုက်တာ James Comey ၏ ကြေညာချက်ကြောင့် သူမ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု အရှိန်အဟုန်ကို လျော့ကျစေခဲ့သည်ဟု ဟီလာရီက ပြောသွားသည်။

ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီက  ပါတီကို ငွေကြေးထောက်ပံ့လှူဒါန်းနေသူများကို ဖုန်းဆက်စကားပြောဆိုခဲ့ရာတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်ဟု သိရပြီး ယင်းစကားများမှာနောက်ပိုင်း မီဒီယာသို့ ပေါက်ကြားခဲ့ရခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်တွင်မှာလည်း သူမ၏ ပြိုင်ဘက် အနိုင်ရသူ ဒေါ်နယ်ထရန့်အပေါ်တွင်လည်း ကန့်ကွက်ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်နေခဲ့သည်။

ရွေးကောက်ပွဲဲအနိုင်ရပြီးနောက် ယခုအခါ ထရန့်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများမှာ အမေရိကန်မြို့ကြီးများတွင် နေ့စဉ်နှင့်အမျှ ချီတက်ဆန္ဒပြနေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly