အာဆင်နယ်နှင့်စာချုပ်ကိစ္စကြန့်ကြာနေသည့် ဆန်းချက်ဇ်ကို မန်စီးတီးနှင့် ဂျူဗင်တပ်စောင့်ကြည့်နေ

အာဆင်နယ်နှင့်စာချုပ်ကိစ္စကြန့်ကြာနေသည့် ဆန်းချက်ဇ်ကို မန်စီးတီးနှင့် ဂျူဗင်တပ်စောင့်ကြည့်နေ

နိုဝင်ဘာ ၁၃၊ လန်ဒန်။            ။ အာဆင်နယ်နှင့် စာချုပ်သစ်ချုပ်ရန်ကြန့်ကြာနေသည့် ဆန်းချက်ဇ်ကို မန်စီးတီးနှင့် ဂျူဗင်တပ်တို့က စောင့်ကြည်နေပြီး စာချုပ်သစ် ချုပ်နိုင်ခြင်းမရှိပါက ပေါင်သန်း ၅၀ ဖြင့်ခေါ်ရန် အပြိုင်ကြိုးပမ်းလာဖွယ်ရှိနေသည်။

ချီလီလက်ရွေးစင်ကစားသမားသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် အထူးခြေစွမ်းပြနေပြီး လက်ရှိရနေသော တစ်ပတ်ပေါင် ၁၃၀, ၀၀၀ ထက်ပိုလိုချင်နေသည်။

အသက် ၂၇ နှစ်အရွယ် ဆန်းချက်ဇ်မှာ လက်ရှိဘောလုံးရာသီကုန်လျှင် စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့မည်ဖြစ်ပြီး အာဆင်နယ်က သုံးနှစ်စာချုပ်ထပ်ချုပ်ချင်နေသည်။

သြဂုတ်လကတည်းက ဆွေးနွေးမှုများပြုလုပ်နေပြီး စာချုပ်သစ်မှာ ကစားသမား၏ဘဝတစ်လျှောက်လစာအမြင့်ဆုံးဖြစ်လာ လိမ့်မည်ဟု အာဆင်နယ်အသင်းက သဘောပေါက်နားလည်ထားသည်။

လက်ရှိအချိန်ထိ စာချုပ်မချုပ်နိုင်သေးခြင်းက မန်စီးတီးနှင့် ဂျူဗင်တပ်တို့အတွက် သတိထားစောင့်ကြည့်စရာ ဖြစ်လာစေခဲ့သည်။

သို့သော် အာဆင်နယ်အသင်းအနေဖြင့် ဆန်းချက်ဇ်ကို စာချုပ်သစ်ချုပ်နိုင်ခြင်းမရှိလျှင် သေချာပေါက်ရောင်းချလိမ့်မည်ဟုလည်း နှသင်းစလုံးက နားလည်ထားသည်။ သို့မဟုတ်ပါက အာဆင်နယ်အသင်း အနေဖြင့် ဆန်းချက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုရနိုင်သည်။

ဂျူဗင်တပ်သည် ဆန်းချက်ဇ် အူဒီနီးစ်အသင်းတွင်ရှိစဉ်ကတည်းက ခေါ်ယူချင်ခဲ့သော်လည်း ကစားသမားကိုယ်တိုင်က လက်ရှိ မန်စီးတီးနည်းပြ ဂွာဒီယိုလာကိုင်တွယ်နေသည့် ဘာစီလိုနာအသင်းသို့ ပေါင် ၂၆ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။

ထိုစဉ်က ဂွာဒီယိုလာက ဆန်းချက်ဇ်မှာ နေရာ သုံးနေရာကစားနိုင်သည့် ကစားသမားတစ်ယောက်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ဖူး သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly