ဝေးလ်အသင်း ခြေစစ်ပွဲအောင်နိုင်မြင်နိုင်ဆဲဟု ဂါရတ်ဘေးလ်ယုံကြည်

ဝေးလ်အသင်း ခြေစစ်ပွဲအောင်နိုင်မြင်နိုင်ဆဲဟု ဂါရတ်ဘေးလ်ယုံကြည်

နိုဝင်ဘာ ၁၃၊ ဝေးလ်။           ။ ဝေးလ်အသင်းအနေဖြင့် ဆားဘီးယားနှင့်တစ်ဂိုးစီသရေကျခဲ့သော်လည်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်နိုင်ဆဲဟု ယုံကြည်ကြောင်း တိုက်စစ်မှူး ဂါရတ်ဘေးလ်က ပြောသည်။

ဝေးလ်အသင်းသည် ပွဲချိန် ပထမပိုင်းတွင် ဂါရတ်ဘေးလ်၏ဂိုးဖြင့်ဦးဆောင်ထားနိုင်သော်လည်း ပွဲပြီးရန် ငါးမိနစ်အလိုခန့်တွင် မီထရိုဗစ်က ဆားဘီးယားအတွက် ချေပဂိုးပြန်သွင်းသွားသဖြင့် တစ်မှတ်သာရခဲ့သည်။

ယင်းကြောင့် နည်းပြခရစ္စကိုးမန်း၏ဝေးလ်အသင်းမှာ အုပ်စု (ဃ) တွင် တတိယနေရာသို့ရောက်သွားပြီး မတ် ၂၄ တွင် ဒဗ္ဗလင်၌ ရင်ဆိုင်ရမည့် အုပ်စုထိပ်ဆုံးမှ အိုင်ယာလန်နှင့် လေးမှတ်ကွာသွားခဲ့သည်။

“ကျွန်တော်တို့ ဆက်ပြီးတိုက်ပွဲဝင်ရမယ်။ ကျွန်တော်တို့လုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေဆဲပဲ။ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဆက်ကြိုးစားရမယ်။ ကံကောင်းမှုတွေရလာအောင် လုပ်နိုင်သမျှဆက်လုပ်သွားကြမယ်”ဟု ဘေးလ်က ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly