အာဖဂန်ရှိ အမေရိကန်၏ အကြီးဆုံးလေတပ်စခန်းတွင် ပေါက်ကွဲမှုကြီးဖြစ်၍ လူ လေးဦးသေဆုံး

အာဖဂန်ရှိ အမေရိကန်၏ အကြီးဆုံးလေတပ်စခန်းတွင် ပေါက်ကွဲမှုကြီးဖြစ်၍ လူ လေးဦးသေဆုံး

ကဘူးလ်၊ နိုဝင်ဘာ ၁၂ ။          ။ အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်၏ အကြီးဆုံးစစ်စခန်းဖြစ်သော ဘတ်ဂရမ်လေတပ်အခြေစိုက်စခန်းတွင် ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ရပ်ဖြစ်ပွား၍ လူလေးဦး သေဆုံးသည်။

ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၁၄ ဦး ဒဏ်ရာရသည်။ တာလီဘန်များက ၎င်းတို့၏ အသေခံဗုံးခွဲသူများမှ တစ်ဦးက ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အာဖဂန်နိုင်ငံအတွင်း အကာအကွယ်အင်အားအကောင်းဆုံးနေရာများအနက်မှ တစ်ခုဖြစ်သည့် ယင်းလေတပ်စခန်းတွင် လုံခြံုရေးကျိုးပေါက်မှုဖြစ်ခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းလည်းဖြစ်သည်။

ဗုံးမှာ လေတပ်စခန်းဝင်းအတွင်းမှ ပေါက်ကွဲခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။ အဆိုပါ သတင်းများ အမှန်ဖြစ်ပါက ထိုသို့ အတွင်းစည်းအတွင်း ဖောက်ခွဲခံရသည့် ပထမဆုံးတိုက်ခိုက်မှုလည်းဖြစ်မည်ဖြစ်သည်။

ဘတ်ဂရမ်လေတပ်အခြေစိုက်စခန်းအား ယခင်ကလည်း တိုက်ခိုက်မှုများ ရှိထားခဲ့သော်လည်း သောင်းကျန်းသူများက စခန်းဝင်းအပြင်နံရံကိုပင် ကျော်လွန်ခဲ့ခြင်း မရှိခဲ့ပေ။

ကဘူးလ်မြို့မြောက်စွန်းစွန်းတွင်ရှိသော ဘတ်ဂရမ်လေတပ်စခန်းအား အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များနှင့် နေတိုးတပ်ဖွဲ့များ ၁၄ နှစ်ကြာ အသုံးပြုလာသည့် စစ်စခန်းတစ်ရပ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags