ဆေးလိပ်သောက်ခွင့် အသက်တိုးမြှင့်မှုအား ထိုင်းအမျိုးသားလွှတ်တော် အတည်ပြု

ဆေးလိပ်သောက်ခွင့် အသက်တိုးမြှင့်မှုအား ထိုင်းအမျိုးသားလွှတ်တော် အတည်ပြု

ဘန်ကောက်၊ နိုဝင်ဘာ ၁၂ ။                 ။ ထိုင်းနိုင်ငံတွင် ပြင်ဆင်ပြဌာန်းသည့် ဆေးရွက်ကြီးဥပဒေ၌ စီးကရက်ဝယ်ယူခွင့်ပြုသည့် အသက်ကို ၁၈ နှစ်မှ အသက် ၂၀ အထိ တိုးမြှင့်ပြဌာန်းခြင်းအား ထိုင်းအမျိုးသားလွှတ်တော်က နိုဝင်ဘာ ၁၁ ရက်တွင် အတည်ပြုသည်။

ဆေးရွက်ကြီးထိန်းချုပ်သည့် အက်ဥပဒေပြင်ဆင်ချက်အရ စီးကရက်ဝယ်နိုင်ခွင့် အသက်အား တိုးမြှင့်ခြင်းကို လွှတ်တော်၌ အမတ် ၁၅၉ ဦးက ထောက်ခံပြီး ငါးဦးမှာ ကြားနေမဲပေးသည်။

ဆယ်ကျော်သက် ဆေးလိပ်သောက်နှုန်း လျှော့ချရေးအတွက် ပြည်သူ့ကျန်းမာရေးဝန်ကြီး ပီယာဆာဆိုဆာဆိုဆတ်တာယာဒွန်းက ပြင်ဆင်ချက်အား တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေအား စိစစ်ရေးအတွက် ၂၁ ဦးပါ ကော်မတီအား ဖွဲ့စည်းမည်ဖြစ်ပြီး ၁၅ ရက်အတွင်း ပြင်ဆင်ပြဌာန်းမည်ဖြစ်သည်။

လက်ရှိ ဆေးရွက်ကြီးထိန်းချုပ်သည့် ဥပဒေနှင့် ဆေးလိပ်မသောက်သူများ ကျန်းမာရေးကာကွယ်မှုအက်ဥပဒေများက ခေတ်နှင့် လျော်ညီခြင်းမရှိတော့ကြောင်း ဝန်ကြီး ပီယာဆာဆိုက ပြောသည်။

အဆိုပါ ဥပဒေနှစ်ရပ်စလုံးကလည်း သက်ရောက်ခြင်းမရှိဖြစ်နေကြောင်း ၎င်းက ဆိုသည်။ သို့သော် ဆေးလိပ်မသောက်သူများ ကျန်းမာရေးကာကွယ်မှု အက်ဥပဒေကိုမူ ပြင်ဆင်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly