အရူးအနှမ်းများကသာ ဒေါ်နယ်ထရမ့် တစ်ပန်းသာအောင် ဖေ့ဘုတ်က ကူညီသည်ဟု ပြောလိမ့်မည်ဟု မတ်ဇူကာဘတ်ပြော

အရူးအနှမ်းများကသာ ဒေါ်နယ်ထရမ့် တစ်ပန်းသာအောင် ဖေ့ဘုတ်က ကူညီသည်ဟု ပြောလိမ့်မည်ဟု မတ်ဇူကာဘတ်ပြော

နယူးယောက်၊ နိုဝင်ဘာ ၁၁ ။        ။ ဖေ့ဘုတ်ပေါ်က သတင်းတု သတင်းမှားများက ဒေါ်နယ်ထရမ့် တစ်ပန်းသာအောင် အကူအညီဖြစ်စေသည်ဟု ဝေဖန်မှုများ ရင်ဆိုင်နေရသည့် တည်ထောင်သူ မတ်ဇူကာဘတ်က ၎င်း၏ ဖေ့ဘုတ်အတွက် အပြင်းအထန်ခုခံကာကွယ်နေရသည်။

ကယ်လီဖိုးနီးယားရှိ နည်းပညာစုံညီပွဲဖြစ်သော Techonomy တွင် စင်မြင့်ပေါ်၌ စကားပြောဆိုရာတွင် ဒေါ်နယ်ထရမ့်အောင်မြင်မှုက ဖေ့ဘုတ်ပေါ်တွင် တာဝန်မရှိသင့်ကြောင်း ဇူကာဘတ်က ပြောသည်။

“ဖေ့ဘုတ်ပေါ်က သတင်းတုသတင်းမှားတွေက ရွေးကောက်ပွဲကို လွှမ်းမိုးခဲ့တဲ့ဆိုတဲ့ အတွေးအခေါ်ကတော့ တော်တော့်ကို ရူးနှမ်းတဲ့ အတွေးအခေါ်ပါပဲ။”ဟု ၎င်းကဆိုသည်။

“ဒီသတင်းမှားတွေကို ယုံရင်တောင်မှ ရွေးကောက်ပွဲမှာ ဆုံးဖြတ်မဲပေးရာမှာ ထရမ့်ထောက်ခံသူတွေရဲ့ ဆွယ်တရားမှာ ပါသွားမယ်လို့တော့ ကျွန်တော် မထင်ပါဘူး။”ဟု ဇူကာဘတ်က ပြောခဲ့သည်။

ဖေ့ဘုတ်သုံးစွဲမှု အထူးသဖြင့် အမေရိကန်တွင် တွင်ကျယ်များပြားလာခြင်းနှင့်အတူ ဖေ့ဘုတ်က သတင်းရရှိရာ ကနဦးရင်းမြစ်သဖွယ် ဖြစ်လာလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags