ပုသိမ် ကြိုးတံတားအနီး မြစ်ရေတိုက်စား ကမ်းပါးပြိုမှု ဖြစ်ပေါ်

ပုသိမ် ကြိုးတံတားအနီး မြစ်ရေတိုက်စား ကမ်းပါးပြိုမှု ဖြစ်ပေါ်
 Pathein, CJ

ဧရာဝတီတိုင်း ပုသိမ်မြို ့၏ မြစ်ကူး ပုသိမ်ကြိုးတံတားအနီးတွင် မြစ်ရေတိုက်စားသဖြင့် မြစ်ထိန်းနံရံများ ပြိုကျမှုများ ရှိနေကာ အဆိုပါအခြေအနေအား တိုင်းဒေသကြီး အစိုးရအဖွဲ ့ အစီအစဉ်ဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော် အသုံးပြုကာ ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ ့ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါတံတားတွင် အောက်ခြေရှိ မြစ်ထိန်း နံရံများသည် အောက်တိုဘာလ အတွင်း စတင်ကာ ပြိုကျနေခြင်းဖြစ်ကာ ထိုကဲ့သို့ အခြေအနေတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျပ်ငွေ ၉၄၄ သိန်း အသုံးပြုကာ ပြုပြင်သွားမည်ဖြစ်ကြောင်းအား တိုင်းဒေသကြီးလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး မှဆိုသည်။

“ဘတ်ဂျက်တွေတင်ထားပါတယ် စုစုပေါင်း ကုန်ကျမဲ့ငွေ သိန်း ၉၀၀ ကျော်လောက်မှန်းထားပါတယ် သက်ဆိုင်ရာ တိုင်းရေအရင်းအမြစ်နဲ ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနက တာဝန်ယူ   ပြု ပြင်သွားမှာပါ ဘတ်ဂျက်ရပြီ ဆိုတာနဲ ့ လုပ်ငန်းတွေ စတင်ပြီး အကောင်အထည်ဖော်သွားမှာပါ ” ဟု ၀န်ကြီး ဦးဝင်းဌေး မှပြောသည်။

ပုသိမ်ကြိုးတံတားသည် ဒေသခံများ ခရီးသွားပြည်သူများသွားလာရေး အပြင် ကုန်စည်ပို ့ဆောင်ရေး အတွက်ပါ အများအပြား အသုံးပြုနေသည့် အဓိက တံတားတစ်စင်း ဖြစ်နေသည့်အတွက် စနစ်တကျ ထိန်းသိမ်းသင့်ကြောင်း ပုသိမ်နယ်ခံများမှ သုံးသပ်မှုများလည်း ရှိနေသည်။

ပြန်လည်ပြုပြင်ရာတွင် အောက်ခြေနံရံများအား ကျောက်စီနံရံများဖြင့် အခိုင်အမာ တည်ဆောက် ပြုပြင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူထံမှ သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသို ့ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ပုသိမ်ကြိုးတံတားသည် ဧရာဝတီတိုင်းအတွင်း ဒေသခံပြည်သူအများအပြား အသုံးပြု သွားလာသည့် တံတားဖြစ်သည့်အပြင် အခြားဒေသများမှ ငွေဆောင် ချောင်းသာ စသော ကမ်းခြေများအား သွားလာရာတွင် အဓိကအသုံးပြုသည့် တံတားလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly