နယူးဒေလီမြို့တော် အထည်ချုပ်စက်ရုံ မီးလောင်မှုတွင် ၁၃ ဦး သေဆုံး

နယူးဒေလီမြို့တော် အထည်ချုပ်စက်ရုံ မီးလောင်မှုတွင် ၁၃ ဦး သေဆုံး

နယူးဒေလီ၊ နိုဝင်ဘာ ၁၁ ။                 ။ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအနီး အထည်ချုပ်စက်ရုံတွင် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုအတွင်း ၁၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။

လူနေအိမ်တစ်အိမ်အား သားရေချုပ်စက်ရုံအဖြစ် အသုံးပြုထားသည့် ယင်းနေရာ၌ ၀ါယာရှေ့ဖြစ်ရာမှ မီးလောင်ကျွမ်းစဉ် အလုပ်သမားများ အိပ်ပျော်နေခဲ့သည်။ "နယူးဒေလီမြို့စွန် ဆာဟီဘာဘက်က စက်ရုံမှာ မနက် ၄ နာရီခွဲလောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာ အိပ်နေတဲ့ ၁၃ ဦး သေဆုံးပါတယ်။ မီးစလောင်တုန်းမှာ နှစ်ယောက်က နိုးလာပြီး အိပ်နေတဲ့သူတွေကို နှိုးပေမယ့် အဲဒီလူတွေက မနိုးခဲ့ပါဘူး။ အဲဒီအချိန်မှာ သိပ်နောက်ကျသွားပြီနဲ့ တူပါတယ်" ဟု နယ်မြေရဲအရာရှိတစ်ဦးဖြစ်သူ ဘာဂဝပ်ဆင်းက  အေအက်ဖ်ပီသတင်းဌာနသို့   ပြောကြားသည်။

"အခုမီးလောင်တဲ့ စက်ရုံက တရားဝင် ဖွင့်ထားတာ မဟုတ်ဘူးလို့ ထင်ပါတယ်။ သေသေချာချာသိရအောင်တော့ စုံစမ်းရပါဦးမယ်" ဟု ၎င်းက ပြောသည်။ အောက်တိုဘာလ အတွင်းကလည်း နိုင်ငံ   တောင်ပိုင်း တမီးလ်နာဒူးပြည်နယ်ရှိ မီးပန်းစက်ရုံတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အလုပ်သမားရှစ်ဦးသေဆုံးခဲ့သည်။ ၂၀၁၄ ခုနှစ်၊ မေလအတွင်းကလည်း မဓယာပရာဒေ့ရှ်   ပြည်နယ်တွင်   ဗျောက်အိုးစက်ရုံတစ်ရုံတွင် မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ၁၅ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly