ဘာစီလိုနာ နောက်ခံလူ အမ်တီတီ သုံးပတ် အနားယူရမည်

ဘာစီလိုနာ နောက်ခံလူ အမ်တီတီ သုံးပတ် အနားယူရမည်

နိုဝင်ဘာ ၁၁၊ စပိန် ။              ။ ဘာစီလိုနာအသင်းသည် ၎င်းတို့၏ အဓိက နောက်ခံကစားသမား တစ်ဦးဖြစ်သူ ဆင်မြူရယ်အမ်တီတီကို သုံးပတ် အနားပေးရတော့မည် ဖြစ်သည်။

အမ်တီတီသည် ပြင်သစ်အသင်းတွင် ကြွက်သားဆိုင်ရာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဆွီဒင်နှင့် ယှဉ်ပြိုင်မည့် ပြင်သစ်အသင်းကစားသမားစာရင်းမှ နုတ်ထွက်ခဲ့ရသည်။

၎င်းမှာ ဆေးစစ်မှုများပြုလုပ်ပြီး ကုသမှုခံယူရန် ဘာစီလိုနာအသင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အမ်တီတီ၏ဒဏ်ရာကို ဆေးစစ်မှုများပြုုလုပ်ပြီးနောက် ဘာစီလိုနာအသင်းက ပြင်သစ်နောက်ခံလူမှာ ဘယ်ဘက်ခြေထောက်တွင် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး သုံးပတ်ခန့်အနားယူရမည်ဟု တရားဝင်ကြေညာခဲ့သည်။

သုံးပတ်အနားယူရမည် ဖြစ်သည့်အတွက် အမ်တီတီသည် မာလာဂါ၊ ဆဲလ်တစ်၊ ဆိုစီဒက်၊ ဟာကျူးလက်စ်အသင်းတို့နှင့်ကစားရမည့်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ပြီး ဒီဇင်ဘာလ သုံးရက်နေ့တွင် ကစားမည့် ရီးယဲလ်နှင့် အယ်လ်ကလက်စီကိုဒါဘီတွင်လည်း ပါ၀င်နိုင်ရန် မသေချာသေးပေ။

ပီကေး၊ မက်သီးယက်စ်နှင့် ဂျော်ဒီအယ်လ်ဘာတို့ ဒဏ်ရာရနေသည့်အချိန်တွင် အမ်တီတီပါ ထပ်မံဒဏ်ရာရခဲ့သောကြောင့် ဘာစီလိုနာအသင်းအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly