ဒေါ်နယ်ထရမ့်နှင့် အိုဘားမားတို့ အိမ်ဖြူတော်တွင် အာဏာ အလွှဲအပြောင်းအတွက် တွေ့ဆုံ

ဒေါ်နယ်ထရမ့်နှင့် အိုဘားမားတို့ အိမ်ဖြူတော်တွင် အာဏာ အလွှဲအပြောင်းအတွက် တွေ့ဆုံ

ဝါရှင်တန်၊ နိုဝင်ဘာ ၁၁ ။                             ။ အိမ်ဖြူတော်တွင် အာဏာအလွှဲအပြောင်းအတွက် သမ္မတအိုဘားမားနှင့် တွေ့ဆုံရသည်က အလွန်ဂုဏ်ယူစရာဖြစ်ကြောင်း ရွေးကောက်ခံသမ္မတသစ်   ဒေါ်နယ်ထရမ့်က ပြောသည်။

တစ်နာရီကြာ ကျယ်ပြန့်စွာ ဆွေးနွေးပြောဆိုမှုအတွင်း အားတက်စရာကောင်းကြောင်းလည်း အိုဘားမားက ဆိုသည်။

ရွေးကောက်ပွဲမဲဆွယ်ကာလတုန်းကမူ အိုဘားမား လုပ်ဆောင်သွားသည့် စနစ်များကို မြေလှန်ပစ်ရမည်ဖြစ်ကြောင်း ထရမ့်က ပြောပြီး အိုဘားမား၏ နိုင်ငံသားဖြစ်မှုကိုလည်း မေးခွန်းထုတ်ခဲ့သည်။

ထိုတစ်ချိန်တည်းတွင် အိုဘာားမားကလည်း ပြိုင်ဖက်ကင်းသော အရည်အချင်းမရှိသူဟု ထရမ့်အား ပြန်လည်ထိုးနှက်ခဲ့သည်။

သို့သော်လည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌ ဟီလာရီကလင်တန်ကို အံ့အားသင့်ဖွယ် အနိုင်ရပြီး သမ္မတသစ်အဖြစ် ထရမ့်ရွေးကောက်ခံရပြီးနောက် သမ္မတအိုဘားမား အမျိုးသားစည်းရုံးညီညွတ်မှုကို   ဆော်သြလိုက်ပြီး ထရမ့်ကိုလည်း အားပေးလျက်ရှိကြောင်း ပြောခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်က အိမ်ဖြူတော် တံခါးပိတ်တွေ့ဆုံဆွေးနွေးမှု ပြီးနောက် သမ္မတ အိုဘားမားက “ကျွန်တော်ရဲ့ လာမယ့်နှစ်လအတွင်း ဦးစားပေးအလုပ်တစ်ခုကတော့ အာဏာအလွှဲအပြောင်း   ချောမွေ့စေပြီး ရွေးကောက်ခံသမ္မတသစ် အောင်မြင်မှုရရေးပဲဖြစ်ပါတယ်။”ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly