ဖက်ရှင်ဆိုင် အဝတ်လဲခန်းအတွင်း ရိုက်ယူခဲ့ပုံရသည့် လိင်ဗွီဒီယိုကြောင့် တရုတ်အစိုးရက အင်တာနက် ကုမ္ပဏီကြီး များကိုပြစ်တင်ဝေဖန်

ဖက်ရှင်ဆိုင် အဝတ်လဲခန်းအတွင်း ရိုက်ယူခဲ့ပုံရသည့် လိင်ဗွီဒီယိုကြောင့် တရုတ်အစိုးရက အင်တာနက် ကုမ္ပဏီကြီး များကိုပြစ်တင်ဝေဖန်

ပေကျင်း၊ ဇူလိုင်-၁၇ ။     ။ လိင်ဖြင့်ရောင်းအားမြှင့် တင်နိုင်ကောင်းသော်လည်းပေကျင်း မြို့တော်ရှိ အူနစ်ကလို (Uniqlo) ဖက်ရှင် ဆိုင်၏အဝတ်လဲခန်းထဲတွင် ရိုက်ယူခဲ့သည်ဟုယူဆရသည့် လိင်ဗွီဒီယိုတစ်ခုကြောင့်အဝတ်အထည် လက်လီဆိုင်များစိတ်မသက် မသာဖြစ်ခဲ့ကြရသည်။

တရုတ်နိုင်ငံမြို့တော်၏ ပထမတန်းစားစတိုးဆိုင်ကြီးအတွင်းတွင် ငယ်ရွယ်နုပျိူသည့်စုံတွဲ နှီးနှောနေဟန်ရှိသည့် ဗွီဒီယို အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် ယခုရက်သတ္တပတ်တွင် ဂျပန်အဝတ်အထည်တံဆိပ်ကို အွန်လိုင်းပေါ် ရှာဖွေမှုမှာ တရှိန်ထိုး မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် ဤလိင်ဗွီဒီယိုကြောင့် ရဲနှင့် တရုတ်နိုင်ငံ၏ ဝက်ဘ်ကွပ်ကွဲရေးမှူးကြီးများမှာ စိုးရိမ်သောက ပွားခဲ့ကြရပြီးဈေးကွက် ဗျူဟာတစ်ရပ် အနေဖြင့် ဗြောင်ကျကျ ဆွဲဆောင်နေခြင်းလားဆိုသည်ကို စုံစမ်းစစ်ဆေးနေကြသည်ဟု ဆိုသည်။

၇၁စက္ကန့်ကြာ ဗွီဒီယိုထဲတွင် ယောကျ်ားတစ်ယောက်က အမျိုးသမီးတစ်ယောက်နှင့် မှန်ရှေ့တွင် ရိုက်ထား ဟန်ဖော်ပြနေ သည်ဟု ဆိုသည်။နောက်ခံ တွင်ဖောက်သည်များအား ကြိုဆိုပြီး ဒုတိယနှင့် တတိယထပ်တွင်အဝတ်လဲခန်း၊ ပထမထပ်တွင်ငွေရှင်းကောင် တာ စသည်ဖြင့် အူနစ်ကလိုစတိုးဆိုင်ကြီးက ကြေညာနေသည့် အသံကို ရှင်းလင်းပြတ်သားစွာ ကြားနိုင်သည်။

အူနစ်ကလိုကမူ ဗွီဒီယိုတွင် တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆို ထားသည်။ဖောက်သည် အသစ်များကို ဆွဲဆောင်ရန် အခြားဖက်ရှင်ဆိုင်များအား ၎င်းတို့၏ အဝတ်လဲခန်းများကို ကျယ်ကျယ်ထားဖို့ တိုက်တွန်းနေကြသည့် တရုတ် ဝက်ဘ်သုံးစွဲသူများ၏ ပါးစပ်ဖျားတွင် နှီးနှောခန်းသဖွယ် ရေပန်းစားလာနေသောကြောင့် အူနစ်ကလိုက ၎င်း၏ အဝတ်လဲခန်း များကို မှန်မှန်ကန်ကန်သာ သုံးစွဲကြရန် ဈေးဝယ်းများကို တိုက်တွန်းနေရသည်ဟု ဆိုသည်။

အွန်လိုင်းပေါ်တွင် အုတ်အော်သောင်းသင်းဖြစ်မှုမှာ ယခုအခါ အနည်ကျငြိမ်သက်သွားခဲ့ပြီဖြစ်သော်လည်း ဗွီဒီယိုကို အင်တာနက်ပေါ်တွင် ပျံ့နှံ့ခွင့်ပြုသည့်အတွက် တရုတ်ဆိုက်ဘာကွပ်ကဲရေးဌာနက နိုင်ငံ၏ အဓိက အင်တာနက် ကုမ္ပဏီ ကြီးနှစ်ခုကို ပြစ်တင်ဝေဖန်ခဲ့သည်။

ညစ်ညမ်းပစ္စည်းများ ထုတ်လုပ်ဖြန့်ချိခြင်းကို တရုတ်ဥပဒေက တားမြစ်ပိတ်ပင်ထားသလို၊ ဆိုက်ဘာစည်းမျဉ်းများကလည်း အွန်လိုင်းပေါ်တွင် ညစ်ညမ်းပစ္စည်းများ ဖြန့်ဖြူးမှုကို တင်းကျပ်ကန့်သတ်ထားသောကြောင့် ပေကျင်းရဲဌာနကလည်း စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ တစ်ချိန်တည်းမှာပင် ပေကျင်းမြို့တော်သူသားများက အူနစ်ကလို ဖက်ရှင် ဆိုင်ကို နောက်ခံထား၍ ဓာတ်ပုံများ တဖျက်ဖျက် ရိုက်တင်နေကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags