မြိတ်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူ အတု (၁၂၄)ရွက် သုံးစွဲခဲ့သူကို ဖမ်းမိ

မြိတ်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူ အတု (၁၂၄)ရွက် သုံးစွဲခဲ့သူကို ဖမ်းမိ
သိမ်းဆည်းရမိသည့် ငွေစက္ကူ ၁ သောင်းကျပ်တန်များကိုတွေ့ရစဉ်

မြိတ်၊နိုဝင်ဘာ-၁၀ ။              ။  တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ မိုင်းသွေးရွာတွင် ငွေကျပ် ၁ သောင်း တန်ငွေစက္ကူ အတု(၁၂၄)ရွက် သုံးစွဲခဲ့သူတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း နိဝင်ဘာ (၁၀)တွင် မြိတ်ခရိုင်ရဲစခန်းမှ သိရသည်။

နိဝင်ဘာ ၉ ရက်က မိုင်းသွေးကျေးရွာဒေသခံ ဦးကျော်နိုင်ထွန်းထံမှ လှေဝယ်ယူရန်အတွက် လှေဖိုးပေးချေရာတွင် ယင်း ငွေစက္ကူ များ အသုံးပြုပေးချေခဲ့သည့်အတွက် အဆိုပါငွေစက္ကူများသည် အတုဟုယူဆသဖြင့် ကံမော်နယ်မြေရဲစခန်း သို့ အကြောင်းကြားခဲ့၍ ယင်းငွေတုသုံးစွဲခဲ့သူကို စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။

သက်သေများရှေ့၌ ငွေစက္ကူအတုဟုယူဆရသော ၁ သောင်းကျပ်တန် (၁၂၄)ရွက်ကို သိမ်းဆည်းခဲ့ပြီး လက်ရှိတွင် ကံမော်နယ်မြေရဲစခန်းမှ (ပ)၄၃/၂၀၁၆ မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ငွေစက္ကူ  အတုဟု ယူဆရသော ၁ သောင်းကျပ်တန်များ သုံးစွဲခဲ့သူသည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် နေထိုင် သူဖြစ်ပြီး၊ ယခင်က ကျွန်းစုမြို့နယ် သဘောင်းတောင်ကျေးရွာတွင် နေထိုင်ခဲ့ဖူး သူဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly