ဒေါ်နယ်ထရန့် ရွေးကောက်ပွဲတွင် အနိုင်ပြီး အမေရိကန်သမ္မတဖြစ်

ဒေါ်နယ်ထရန့် ရွေးကောက်ပွဲတွင် အနိုင်ပြီး အမေရိကန်သမ္မတဖြစ်

နယူးယောက်၊ နိုဝင်ဘာ ၉ ။           ။ အမေရိကန်ရွေးကောက်ပွဲသမိုင်းတွင် အကြိတ်အနယ်ယှဉ်ပြိုင်ရသည့် ပွဲတစ်ပွဲအဖြစ် ဆင်နွှဲပြီးနောက် ရီပတ်ဘရီကန်ပါတီမှ ဒေါ်နယ်ထရန့်က ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်ကို နိုဝင်ဘာ ၉ ရက် မဲရေတွက်မှုတွင် အနိုင်ပိုင်းလိုက်ကာ ၄၅ ဦးမြောက် အမေရိကန်သမ္မတ ဖြစ်လာသည်။

ဖလော်ရီဒါ၊ မြောက်ကယ်ရိုလိုင်းနားနှင့် အိုဟိုင်းယိုတို့ကဲ့သို့ အဓိကပြည်နယ်များတွင် အနိုင်ရကာ မဲအရေအတွက် ပဥ္စလက်ဂဏန်းဖြစ်သော ၂၇၀ ကို ရရှိကာ ထရန့်က အနိုင်ရသွားခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြလာကြသည်။

ရွေးကောက်ပွဲမတိုင်မီက လိင်စွပ်စွဲမှုများ၊ အခွန်ရှောင်တိမ်းမှုများဖြင့် စွပ်စွဲခံရမှုများကို ကျော်လွှားကာ နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရန့်က အနိုင်ရသွားခဲ့ခြင်းလည်းဖြစ်သည်။ ဒေါ်နယ်ထရန့် အနေဖြင့် သမ္မတဖြစ်ပါက အမေရိကန်သို့ မွတ်စလင်များ ဝင်ရောက်ခြင်းအား တားမြစ်သွားပြီး မက္ကဆီကို နယ်စပ်တံတိုင်း ကာရံသွားမည်ဟု ပြောဆိုထားခြင်းကြောင့် ပွဲဆူခဲ့သူတစ်ဦးလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly