PNLO က ပအိုဝ့်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး စတင်ပြင်ဆင်

PNLO က ပအိုဝ့်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး စတင်ပြင်ဆင်

ချင်းမိုင်၊ နိုဝင်ဘာလ ၉ ။                   ။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)က ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အတွက် ပအိုဝ်းအမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းနိုင်ရေးနှင့် ကျင်းပရေးကော်မတီ ဖွဲ့ စည်းရေး အပါအဝင် လိုအပ်သောလုပ်ငန်းစဉ်များကို ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ရ ရက် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ဗအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်၏ ဗဟိုကော်မတီတိုးချဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ကိုယ့်လူမျိုးအလိုက် အမျုုိးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ကြမယ်။ အဲဒါကို ကျင်းပဖို့အတွက် ကျနော်တို့ တစ်ဖွဲ့ထဲ ဆုံးဖြတ်လို့ မရဘူး၊ ပအိုဝ်းအမျိုးသားတရပ်လုံးနဲ့ ဆိုင်တဲ့အခါကြတော့ တစ်ခြားပါတီအဖွဲ့အစည်းတွေနဲ့ ညှိ နှိုင်းရမှာရှိတော့ လျာထားချက်တွေ၊ ကိုယ်စားပြုကိုယ်စားလှယ်တွေ ဘယ်လို ရွေးချယ်မလဲ။ ဘယ်လိုပုံစံနဲ့ ကျင်းပမယ် ဆိုတာတွေ ဆုံးဖြတ်ချက်တွေကို ကျနော်တို့အတွင်းမှာ ညှိနှိုင်း ဆုံးဖြတ်နိုင်ခဲ့တယ်” ဟု PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

NCA ပြဌာန်းချက်နှင့်အညီ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြီး ဒေသပေါင်းစုံ၊ အလွာပေါင်းစုံ ပါ တီအဖွဲ့အစည်းပေါင်းစုံရှိ ပအိုဝ်းတစ်မျိုးသားလုံး ကိုင်စွဲဖော်ဆောင်ရမည့် မူဝါလုပ်ငန်းစဉ် ဆုံးဖြတ်ချက်များ ချမှတ်နိုင် ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု သိရသည်။

ယင်းကော်မတီဖွဲ့စည်းရာတွင် လုပ်ငန်းလမ်းညွန်မှုအရ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဘက်မှ ၃ ဦး၊ PNLO မှ ၃ ဦး၊ ပ အိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ(PNO)မှ ၃ ဦး တို့ဖြင့် ဖွဲ့စည်းရမည်ဖြစ်၍ ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည် ဟု ခွန်မြင့်ထွန်းက ပြောသည်။

တစ်နိုင်ငံလုံး ပစ်တ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူ စာချုပ်(NCA) ပြဌာန်းချက်နှင့်အညီ အမျိုးသားအဆင့် ဆွေး နွေးရန်အတွက် လူမျိုးအလိုက် အမျိုးသားအဆင့် ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းပြီးနောက် ဆက်လက်ကျင်းပနိုင်ရန် ပြည် ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ၏ ခွင့်ပြုချက် ရယူမှကျင်းပနိုင်မည် ဖြစ်သည်။

PNLO၏ ပထမအကြိမ် ညီလာခံသက်တမ်း ၁၁ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာလ ၅ ရက်နှင့် ၆ ရက်များတွင် PNLO ဗဟိုဌာနချုပ် ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ဗန်းမတ်ကျေးရွာတွင် ကျင်းပခဲ့ပြီး အဖွဲ့ချုပ်အတွင်း စစ်ရေး၊ နိုင်ငံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသေးသည်။

ယင်းအစည်းအဝေးသို့ နာယကကြီးများ အပါအဝင် ဗဟိုကော်မတီဝင်များ တပ်ဗိုလ်တပ်မှူးများ၊ မေတ္တာခမ်းတန်မှ ကိုယ် စားလှယ်များ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(ပ.အ.မ.ဖ)မှ ကိုယ်စားလှယ်များ၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့မှ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီခေါင်းဆောင်များ၊ ပအိုဝ်းလူငယ် အစည်းအရုံး(PYO)၊ ပအိုဝ်း အနု ပညာအဖွဲ့နှင့် ခမ်းသားငွေါင်း အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၀ ခန့် တက်ရောက်ခဲ့ သည်ဟု သိရသည်။

PNLO သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က NCA ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့့အ စည်း ရ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly