ကယ်လီဖိုးနီးယား မဲရုံပြင်ပတွင် သေနတ်ပစ်ခတ်မှုဖြစ်၍ တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ

ကယ်လီဖိုးနီးယား မဲရုံပြင်ပတွင် သေနတ်ပစ်ခတ်မှုဖြစ်၍ တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ

အဇူဆာ၊ နိုဝင်ဘာ ၉ ။         ။ အမေရိကန်နိုင်ငံတစ်ဝှမ်း သမ္မတရွေးကောက်ပွဲများ မဲရေတွက်နေချိန် ကယ်လီဖိုးနီးယားပြည်နယ် အဇူဆာမြို့ရှိ မဲရုံပြင်ပတွင် သေနတ်သမားတစ်ဦး ဖြစ်ခတ်မှု   ဖြစ်ပွားသည်။ ယင်းသေနတ်သမားအား ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးကာ အနည်းဆုံးနှစ်ဦးဒဏ်ရာရကြောင်း ရဲက ပြောသည်။

ပစ်ခတ်မှုဖြစ်ရာ နေရာအနီးရှိ မဲရုံနှစ်ရုံကို ရဲက ပိတ်တားထားသည်။ ယင်းသေနတ်သမားက ရွေးကောက်ပွဲကို တစ်စုံတစ်ရာ ပြုလုပ်ရန် အကြံအစည် ရှိမရှိ သေချာရှင်းလင်းစွာ မသိရသေးပေ။

အိမ်တစ်အိမ်အတွင်းသို့ ဝင်ပြေးသည့် ယင်းသေနတ်သမားနှင့် ရဲများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး သေနတ်သမား သေဆုံးသည်။ စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများက သေနတ်သမားက အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ကနဦးက ပြောခဲ့သော်လည်း နောက်ပိုင်းတွင် အမျိုးသားတစ်ဦးဖြစ်ကြောင်း ပြန်လည်ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags