ရီးယဲလ်နှင့်စာချုပ်သစ်ချုပ်ပြီးနောက် Nike နှင့်လည်း စီရော်နယ်ဒို သက်တမ်းတိုး

ရီးယဲလ်နှင့်စာချုပ်သစ်ချုပ်ပြီးနောက် Nike နှင့်လည်း စီရော်နယ်ဒို သက်တမ်းတိုး

နိုဝင်ဘာ ၉၊ မက်ဒရစ်။            ။ စီရော်နယ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်စာချုပ်သစ်ချုပ်ပြီး ရက်ပိုင်းအတွင်းမှာပင် Nike နှင့် စာချုပ်သက်တမ်းထပ်မံ တိုးမြှင့်နိုင်ခဲ့သည်။

Nike နှင့်စာချုပ်သစ်အပေါ် စီရော်နယ်ဒိုက “ဒီစာချုပ်သစ်ကို ဘဝအတွက် ကြည့်ခဲ့တာပါ။ ကျွန်တော်က မိသားစုဝင်တစ်ယောက် လိုဖြစ်နေပေမယ့် Nike က အကောင်းဆုံးပါလို့ ကျွန်တော့်အမြင်ကိုတော့ ပြောချင်ပါတယ်။

သူတို့က ဘယ်သူမှမလုပ်နိုင်တာကို လုပ်နိုင်တယ်။ အဲဒီတံဆိပ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ကုမ္ပဏီမှာလည်း ကျွန်တော့် သူငယ်ချင်းတွေရှိပါတယ်”ဟု ပြောသည်။

Nike နှင့် စာချုပ်သစ်တန်ဖိုးကို ထုတ်ပြန်ခြင်းမရှိသော်လည်း ရီးယဲလ်မက်ဒရစ်နှင့်ချုပ်ဆိုသည့် စာချုပ်သစ်မှာမူ အခွန်ဆောင်ပြီး တစ်ပတ်ပေါင် လေးသိန်းဝန်းကျင်ရှိမည်ဟု ယူဆရသည်။

ဘာနေဗျူးအနာဂါတ်နှင့်ပတ်သက်ပြီး စီရော်နယ်ဒိုက “ကျွန်တော့်ကစားသမားဘဝ သက်တမ်းကျန်သလောက် ကစားချင်တယ်။ ၁၀ နှစ်လောက် ကစားနိုင်ပါသေးတယ်။

အနာဂါတ်ကို ဘယ်သူမှကြိုမသိနိုင်ပါဘူး။ ငါးနှစ်ပဲစာချုပ်ထားပေမယ့် နောက်ဆုံးစာချုပ်မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီအသင်းက ကျွန်တော့်နှလုံးသားထဲကအသင်း၊ ကျွန်တော့်ဘဝရဲ့အစိတ်အပိုင်း၊ ဘဝမှာ အရေးပါတဲ့အချိန်တွေရှိတဲ့အသင်း ဆိုတာ ကျွန်တော်အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။

ဒီအသင်းမှာပဲ ကျွန်တော့်ကစားသမားဘဝကို အဆုံးသတ်ချင်တာပေါ့။ နှစ်များစွာ ကြာနိုင်သလောက်ကြာအောင် ကစားချင်တယ်။ ဒီအသင်းနဲ့အတူ သမိုင်းမှတ်တမ်းတွေဆက်ရေးချင်တယ်”ဟု ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly