အမေရိကန်သမ္မတရွေးကောက်ပွဲ မဲပေးမှုများ စတင်

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲပေးမှုများ စတင်
ဓာတ်ပုံ-အီးပီအေ

နယူးယောက်၊ နိုဝင်ဘာ ၈ ။         ။ အမေရိကန်၏ သမ္မတသစ်ရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရာ မဲဆန္ဒရှင်ပြည်သူ သန်း ၂၀၀ က အိမ်ဖြူတော်အတွက် ပထမဆုံး အမျိုးသမီးသမ္မတအား ရွေချယ်ဖြစ်မည်လား သို့မဟုတ် ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင်အား တင်မြှောက်ကြမည်လားဆိုသည့် အပေါ် ကမ္ဘာက စိတ်ဝင်စားစောင့်ကြည့်နေပြီဖြစ်သည်။

ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း ဟီလာရီကလင်တန်နှင့် ရီပတ်ဘရီကန် သမ္မတလောင်း ဒေါ်နယ်ထန့်တို့က ကမ္ဘာ့အကြီးဆုံးစူပါပါဝါနိုင်ငံကြီး၏ အနာဂတ်အတွက် ၎င်းတို့၏ ကိုယ်စွမ်းဉာဏ်စွမ်းစိုက်ထုတ်မည့်အကြောင်း မဲပေးချိန်မတိုင်မီ အချိန်များအထိ အကြိတ်အနယ် မဲဆွယ်ခဲ့ကြသည်။

ယခင်သမ္မတကတော်ဟောင်း၊ လွှတ်တော်အမတ်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ အသက် ၆၉ နှစ်ရှိ ဟီလာရီက အမေရိကန်အတွက် တစ်စုတစ်စည်း မဲပေးကြရန် ဆော်သြလိုက်သည်။ ၎င်းအား ထိပ်တန်းနာမည်ကြီးဂီတငွေကြယ်ပွင့်များအပြင် လက်ရှိသမ္မတအိုဘားမားတို့က အားဖြည့်ကူညီပေးကြသည်။

ဒေါ်နယ်ထရန့်ကလည်း အမေရိကန် ပထမဆိုသည့် ကြွေကြော်သံကို အသံမြှင့်တင်ကာ မဲဆွယ်စည်းရုံးခဲ့သည်။

"အမေရိကန်အလံကို အလေးပြုလျက် တစ်ဆူတည်းသောဘုရားသခင်အောက်မှာ တစ်ခုတည်းသော ပြည်သူတွေအဖြစ် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲလုပ်ဆောင်ကြမယ်ဆို ကျွန်တော်တို့ နိုင်ငံ ဘယ်လောက်ထွန်းတောက်လာမလဲဆိုတာ စိတ်ကူးကြည့်လိုက်ပါ။"ဟု အသက် ၇၀ ရှိ ဘီလျှံနာသူဌေးကြီးထရန့်က ထောက်ခံသူများအား ပြောလိုက်သည်။

ပြည်နယ်များတွင် ပြည်သူ သန်း ၄၀ ခန့် မဲပေးပြီးဖြစ်ရာ အကြိုမဲခန့်မှန်းချက်တွင် ဟီလာရီကလင်တန်က ဒေါ်နယ်ထရန့်ထက် နှာတစ်ဖျား သာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly