ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမည်

ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမည်

နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၆ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                ။ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့၏ တတိယအကြိမ် အစည်းအဝေးကို   နိုဝင်ဘာလ ၉ ရက်မှ ၁၀ ရက်ထိ ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)တွင် ကျင်းပမည် ဖြစ်သည်။

ယင်း အစည်းဝေးတွင် DPN က တင်ပြထားသော အချက် ၈ မှ သဘောတူညီမှု မရရှိသေးသောအချက်များကို ဆက် လက် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး သဘောတူညီမှုရရှိပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)  လက်မှတ်ရေးထိုးမည်ဆိုသည် အချက် ၁ ချက် ထည့်သွင်းထားသည်ဟု UNFC  ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

“အဓိကတော့ ၈ ချက်ပါဘဲ၊ အဲဒီမှာ တစ်ချက် ထပ်ဖြည့်ထားတာကတော့ အဲဒါတွေ နားလည်မှုရရင် အန်စီအေကို လက် မှတ်ထိုးဖို့ ဒါပါဘဲ။ အဲဒီသဘောဘဲရှိတယ်။ အဲဒီ ၈ ချက်ကို သဘောတူညီမှုရရင် အန်စီအေကို လက်မှတ်ထိုးဖို့ အစီအ စဉ်ရှိတယ်ဆိုတဲ့ သဘောပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အတ် ရပ်စဲရေး အပါအဝင် အာမခံချက်ရှိပြီး အဓိပ္ဗါယ်ပြည့်ဝသော နိုင်ငံရေးဆွေး နွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် UNFC မှ အဆိုပြုထားသော အဆိုပြုမှုအပေါ် အခြေခံ၍ ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်း DPN က နိုဝင်ဘာလ ၈ ရက်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

“၁ ကနေ ၄ အထိက နားလည်မှုရထားတယ်။ ကျန်တဲ့အချက်တွေကိုတော့ သူတို့ အထက်ကို တင်ပြထားတယ်တိုတဲ့ သဘောပေါ့လေ။ အဲဒါကို ဆက်ဆွေးနွေးမယ်”ဟု နိုင်ဟံသာကို ပြောသည်။

အောက်တိုဘာလ ၁၈ ရက်မှ ၂၁ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကျင်းပသော နိုင်ငံရေးမူဘောင်ဆိုင်ရာ ပြန်လည်သုံး သပ် ခြင်း ဒုတိယအကြိမ် အစည်းအဝေးတွင် အချက် ၈ ချက်မှ ၄ ချက်ကို သဘောတူညီမှု ရရှိထားပြီး ဖြစ်ပြီး

အစည်းအဝေးသို့ DPN ခေါင်းဆောင် ခူဦးရယ် အပါအဝင် ကိုယ်စားလှယ် ၁၀ ဦးသည် ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ တွင် ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

NCA လက်မှတ်မရေးထိုးသေးသော UNFC တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ ပါဝင်သည်။ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly