တရုတ်ကုန်သွယ်မှုပမာဏ အောက်တိုဘာလအတွင်း ရ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်း

တရုတ်ကုန်သွယ်မှုပမာဏ အောက်တိုဘာလအတွင်း ရ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်း

ပေကျင်း၊ နိုဝင်ဘာ ၈ ။             ။ တရုတ်နိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုး အောက်တိုဘာလအတွင်းက အမေရိကန်ဒေါ်လာ ၁၇၈ ဒသမ ၂ ဘီလျံ သို့ရောက်ရှိကာ ၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်လိုက်သည့်  တရားဝင်ကြေညာချက်အရ သိရသည်။

ပြီးခဲ့သည့်လအတွင်း သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁၂၉ ဒသမ ၁ ဘီလျံ ဖြင့် ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းကာ ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၄၉ ဒသမ ၁ ဘီလျံသာရှိခဲ့သည်။

ကုန်သွယ်မှုပမာဏ ခုနစ်လမြောက် ဆက်တိုက်ကျဆင်းခြင်းဖြစ်ပြီး ပို့ကုန်နှင့် သွင်းကုန်တန်ဖိုးမှာလည်း Bloomberg News သတင်းဌာနက ခန့်မှန်းထားသည့် ၆ ရာခိုင်နှုန်းနှင့် ၁ ရာခိုင်နှုန်းအောက်သို့ ကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly