ရီးယဲလ်တွင် ကစားသမားဘဝ ကုန်ဆုံးလိုကြောင်း စာချုပ်သစ်ချုပ်ဆိုအပြီးနောက် စီရော်နယ်ဒို ပြော

ရီးယဲလ်တွင် ကစားသမားဘဝ ကုန်ဆုံးလိုကြောင်း စာချုပ်သစ်ချုပ်ဆိုအပြီးနောက် စီရော်နယ်ဒို ပြော

နိုဝင်ဘာ ၈၊ စပိန် ။             ။ ရီးယဲလ်အသင်းသည် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုကို ၂၀၂၁ ခုနှစ်အထိ ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် စီရော်နယ်ဒိုက အသက် ၄၁ နှစ်အရွယ်အထိ ဘောလုံးကစားသွားလိုပြီး ရီးယဲလ်တွင် ကစားသမားဘ၀ ကုန်ဆုံးလိုကြောင်း ပြောဆိုခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိ စီရော်နယ်ဒို၏ လက်ရှိစာချုပ်မှာ ၂၀၁၈ တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းက ၂၀၂၁ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။ စာချုပ်သစ်အရ စီရော်နယ်ဒိုသည် မူလအတိုင်း တစ်ပတ်လုပ်ခလစာငွေ ပေါင် ၃၆၅,၀၀၀ ရရှိမည်ဖြစ်ပြီး အသင်း၏ လစာငွေအများဆုံးကစားသမားအဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။

‘ဒီနေ့က ကျွန်တော့်အတွက် ထူးခြားတဲ့နေ့ပါ။ ရီးယဲလ်က ကျွန်တော့်နှလုံးသားထဲမှာ ရှိတဲ့ကလပ်ပါ။ ငါးနှစ်စာချုပ်သက်တမ်းတိုးခဲ့ တာက တကယ်ကိုကောင်းပါတယ်။ ဒါပေမဲ့ ဒါက နောက်ဆုံးစာချုပ် မဟုတ်သေးဘူးဆိုတာ ရှင်းပါတယ်။

သမိုင်းစံချိန်သစ်တွေ ထပ်မံရေးထိုးလိုပါတယ်။ လာမည့်ငါးနှစ်မှာ ဂိုးတွေဆက်သွင်းနေမှာ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကလပ်အတွက် ဆုဖလားတွေ ထပ်မံရယူပေးသွားမှာ သေချာပါတယ်။ ရီးယဲလ်မှာ ကစားသမားဘဝကုန်ဆုံးချင်ပါတယ်။ ဒီစာချုပ်က နောက်ဆုံးစာချုပ်ရဲ့ ရှေ့မှာချုပ်ဆိုဖြစ်တဲ့ စာချုပ်တစ်ခုဖြစ်လိုပါတယ်။ နောက်ထပ် ၁၀ နှစ်လောက် ထပ်ပြီးကစားနိုင်ဦးမယ်လို့ ထင်ပါတယ်’ ဟု ရော်နယ်ဒိုက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly