ဇန်နဝါရီအပြောင်းအရွှေ့တွင် ဖာဘရီဂတ်စ်ကို အငှားဖြင့် ဝက်စ်ဟမ်းခေါ်မည်

ဇန်နဝါရီအပြောင်းအရွှေ့တွင် ဖာဘရီဂတ်စ်ကို အငှားဖြင့် ဝက်စ်ဟမ်းခေါ်မည်

နိုဝင်ဘာ ၈၊ လန်ဒန်။          ။ ဝက်စ်ဟမ်းအသင်းသည် ချယ်လ်ဆီးအသင်းမှ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ကို အငှားဖြင့်ခေါ်ယူရန် အဆင်သင့်ဖြစ် နေသည်။

အသက် ၂၉ နှစ်အရွယ်ကစားသမားသည် နည်းပြကွန်တီရောက်လာပြီးနောက် တစ်ပွဲသာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြု ခံထားရပြီး အသင်းကလည်း ကမ်းလှမ်းမှုများကို စောင့်ဆိုင်းနေသည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ဖာဘရီဂတ်စ်၏ တစ်ပတ်ပေါင် ၁၆၀, ၀၀၀ လစာကိုပင် လျှော့ချသွားရန် စဉ်းစားနေသည်။

ယင်းမှာ အခြားကလက်အသင်းများကို စိတ်ဝင်စားမှုမြင့်တက်လာစေပြီး ဇန်နဝါရီတွင် ဥရောပထိပ်တန်းကလပ်များထံ ပါယက် ကို လက်လွှတ်ရဖွယ်ရှိသည့် ဝက်စ်ဟမ်းလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးနည်းပြကွန်တီသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းအင်အားတောင့်တင်းအောင် ကစားသမားသစ် ဖြည့်တင်းလိုနေပြီး ခြေစွမ်းမပြနိုင်သော ကစားသမားများကို ရှင်းထုတ်ချင်နေသည်။

သို့သော်လည်း ဖာဘရီဂတ်စ်အနေဖြင့် ချယ်လ်ဆီးတွင် ၂၀၁၉ ထိစာချုပ်သက်တမ်းရှိနေသေးရာ အပြောင်းအရွှေ့ကိစ္စမှာ ယင်းကစားသမား၏ ဆုံးဖြတ်ချက်ပေါ်တွင်လည်း မူတည်နေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags