ဟီလာရီ၏ ဖီလာဒယ်ဖီးယား မဲဆွယ်စည်းရုံးမှု၌ ပြည်သူအင်အား လေးသောင်းနီးပါး တက်ရောက်

ဟီလာရီ၏ ဖီလာဒယ်ဖီးယား မဲဆွယ်စည်းရုံးမှု၌ ပြည်သူအင်အား လေးသောင်းနီးပါး တက်ရောက်

ဖီလာဒယ်ဖီးယား၊ နိုဝင်ဘာ ၈ ။                       ။ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်က ခင်ပွန်းဖြစ်သူ ဘီလ်ကလင်တန်၊ သမ္မတအိုဘားမား ဇနီးမောင်နှံတို့နှင့် နိုဝင်ဘာ ၇ ရက်က ဖီလာဒယ်ဖီးယားရှိ Independence Mall ၌ မဲဆွယ်စည်းရုံးမှုတွင် ပြည်သူအင်အား ၄၀၀၀၀ နီးပါး တက်ရောက်ကြောင်း ပွဲစီစဉ်တစ်ဦးက ပြောသည်။

အဆိုပါ လူထုစည်းရုံးမှု၌ ရော့ခ်အဆိုတော်ကြီးများဖြစ်သည့် ဘရုစ်စပရင်းတင်းနှင့် ဂျွန်ဘွန်ဂျိုဗီတို့လည်း ပါဝင်အားဖြည့်ကူညီခဲ့ကြသည်။

ဟီလာရီကလင်တန်အတွက် ယခုစည်းရုံးပွဲသည် စံချိန်အဖြစ် တက်ရောက်သူများပြားခဲ့သည်။ ယခင်စံချိန်တင်ထားသည်မှာ အိုဟိုင်းယိုက လူထုစည်းရုံးပွဲဖြစ်ပြီး ယင်း၌ တက်ရောက်သူအင်အား ၁၈၅၀၀ နီးပါး တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဟီလာရီ၏ လက်ထောက်ဖြစ်သူက သတင်းထောက်များအား ပြောသည်။

ယခင်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အသက် ၆၉ နှစ်ရှိ ဟီလာရီကလင်တန်နှင့် ၎င်း၏ ရီပတ်ဘရီကန်ပြိုင်ဖက်ဖြစ်သူ ဒေါ်နယ်ထရန့်တို့က ရွေးကောက်ပွဲအကြိုနေ့ နိုဝင်ဘာ ၇ ရက်၌ နောက်ဆုံးထောက်ခံမှု ရရှိရေးအတွက် အဓိကပြည်နယ်များတ၊ွင် မဲဆွယ်စည်းရုံးမှုများကို အပြင်းအထန် ယှဉ်ပြိုင်နေကြသည်။

အမေရိကန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာနိုင်သည့် ဟီလာရီကလင်တန်က ရွေးကောက်ပွဲအကြိုညကို မြောက်ကယ်ရိုလိုင်းနားရှိ ရာလိုက်ရှ်မြို့မဲဆွယ်စည်းရုံးမှုဖြင့် ဖြတ်သန်းခဲ့သည်။

ပြိုင်ဖက်ထရန့်ကလည်း ဖလော်ရီဒါ၊ မြောက်ကယ်ရိုလိုင်းနားနှင့် ပင်ဆေဗေးနီးယားတို့တွင် စည်းရုံးပွဲများလုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမဲဆွယ်မှုကို နယူးဟမ်းရှိုင်းယားနှင့် မစ်ချီဂန်တို့တွင် ပြုလုပ်သွားရန် စီစဉ်စိုင်းပြင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly