ချန်ပီယံဆုအကြောင်းပြောဆိုခြင်းကို လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ် ပယ်ချ

ချန်ပီယံဆုအကြောင်းပြောဆိုခြင်းကို လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ် ပယ်ချ

နိုဝင်ဘာ ၇၊ အင်္ဂလန် ။               ။ လီဗာပူးလ်အသင်းက ဝက်ဖို့ဒ်အသင်းကို ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းလာနိုင်သော်လည်း ချန်ပီယံဆုအကြောင်း   ပြောဆိုခြင်းများကို လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ပယ်ချလိုက်သည်။

လီဗာပူးလ်အသင်းသည် ၂၀၁၄ ခုနှစ်မေလနောက်ပိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

‘အမှတ်တွေရအောင် ကျွန်တော်တို့ ကြိုးစားနေဆဲပါ။ ဒီအတိုင်းဆက်သွားနိုင်ဖို့ လိုပါတယ်။ ဒါဆို နောက်ဆုံးဘယ်နေရာမှာ အဆုံးသတ်မလဲဆိုတာ မြင်ရပါလိ့မ်မယ်။

လီဗာပူးလ်အသင်းရဲ့ အတိတ်ကာလမှ ဒီလိုအဖြစ်အပျက်တွေအများကြီး ဖြစ်ခဲ့တာကို သိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်တုန်းက ချန်ပီယံဖြစ်ဖို့ အမှန်တကယ်နီးစပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ရှိအသင်းက လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်က အသင်းမဟုတ်ပါဘူး။

ဒီအသင်းက လွန်ခဲ့တဲ့ ၂၅ နှစ်က အသင်းလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က လုံးဝအသစ်ပါ။ အေးအေးဆေးဆေးပါပဲ။ လက်ရှိရပ်တည်မှုက အကောင်းဆုံးရပ်တည်မှုပါ။ စိတ်ထဲမှာ မြင်ယောင်ကြည့်လို့ ရပေမယ့် ကျွန်တော်တို့ ဘာမှ မဖြစ်သေးပါဘူး’ ဟု ဂျာဂင်ကလော့ပ်က ပြောခဲ့သည်။

လီဗာပူးလ်မှာ လက်ရှိတွင် ရမှတ် ၂၆ မှတ်ရထားပြီး ဒုတိယနေရာမှ ချယ်လ်ဆီးကို ၁ မှတ်၊ မန်စီးတီးနှင့် အာဆင်နယ်တို့ကို ၂ မှတ် အသာရထားသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags