ဂျူဗင်တပ်စ်ဂိုးသမား ဘတ်ဖွန်စီးရီးအေတွင် ပွဲ ၆၀၀ ပြည့်သည့် စတုတ္ထမြောက် ကစားသမားဖြစ်လာ

ဂျူဗင်တပ်စ်ဂိုးသမား ဘတ်ဖွန်စီးရီးအေတွင် ပွဲ ၆၀၀ ပြည့်သည့် စတုတ္ထမြောက် ကစားသမားဖြစ်လာ

နိုဝင်ဘာ ၇၊ အီတလီ ။                   ။ ဂျူဗင်တပ်စ်အသင်းက ချီယေးဗိုအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပွဲထွက်ကစားခဲ့သည့်အတွက် ဂျူဗင်တပ်စ်ဂိုးသမား ဘတ်ဖွန်သည် စီးရီးအေတွင် ပွဲ ၆၀၀ ပြည့်မြောက်သည့် စတုတ္ထမြောက် ကစားသမား ဖြစ်လာခဲ့သည်။

အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် ဘတ်ဖွန်သည် အေစီမီလန်နောက်ခံလူဟောင်း မာလ်ဒီနီ(၆၄၇)ပွဲ၊ အင်တာမီလန်နောက်ခံလူဟောင်း ဇနက်တီ(၆၁၅)ပွဲနှင့် ရိုးမားတိုက်စစ်မှူး တော့တီ(၆၀၇)ပွဲတို့ပြီးနောက် ပွဲ ၆၀၀ ပြည့်သည့်ကစားသမား ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဘတ်ဖွန်သည် ၁၉၉၅ ခုနှစ်က ၎င်း၏အသက် ၁၇ နှစ်အရွယ်တွင် ပါးမားအသင်း၌ ပထမဆုံးစီးရီးအေပွဲစဉ်ကို ပွဲထွက်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။ ပါးမားအသင်းတွင်  ၁၆၈ ပွဲကစားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းအတွက် ၄၃၂ ပွဲ ပါဝင်ကစားခဲ့သည်။

၂၀၀၆-၀၇ ခုနှစ်က ဂျူဗင်တပ်စ်အသင်း စီးရီးဘီသို့ တန်းဆင်းသွားခဲ့ချိန်တွင် စီးရီးဘီသို့လိုက်ပါကစားခဲ့သည့်အတွက် ဘတ်ဖွန်မှာ စတုတ္ထနေရာရောက်နေရခြင်းဖြစ်ပြီး ထိုသို့မဟုတ်ခဲ့ပါက ဒုတိယပွဲအများဆုံးကစားသမားတောင် ဖြစ်နေနိုင်ဖွယ်ရှိသည်။

ဘတ်ဖွန်သည် ပြီးခဲ့သည့် လိုင်ယွန်နှင့်ပွဲစဉ်တွင်လည်း ချန်ပီယံလိဂ်ပွဲ ၁၀၀ ပြည့်မြောက်ခဲ့သည်။ ဘတ်ဖွန်က ၂၀၁၈ ကမ္ဘာ့ဖလားအပြီး ၎င်း၏အသက် ၄၀ တွင် ကစားသမားဘဝမှ အနားယူမည်ဟု ပြောဆိုထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly